《 Chapter 75 》

1.7K 268 4
                                    

{Unicode}

အခန်း (၇၅) - [Untitled]

ဒါက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ချူယီရဲ့စိတ်အအေးချမ်းရဆုံးသော အနားယူအိပ်စက်မှုဖြစ်တယ်။ သက်တောင့်သက်သာအဖြစ်ဆုံး အိပ်စက်မှုလည်းဖြစ်တယ်။

ချူယီက လှပတဲ့ အိပ်မက်လေးတခုတောင် မက်လိုက်သေးတယ်၊ အိပ်မက်ထဲမှာ သူနဲ့ ရှန်မုအန်းက ချိန်းတွေ့ကြတဲ့အပြင် နှစ်ယောက်သား မခွဲနိုင်မခွာရက်လောက်အောင်ပါပဲ။ နောက်ပိုင်းမှာ သူတို့ရဲ့ဆွေမျိုး မိတ်သင်္ဂဟတွေရဲ့ကောင်းချီးမင်္ဂလာနဲ့အတူ နှစ်ယောက်သား မင်္ဂလာခန်းမဆီသို့ ချောချောမွေ့မွေ့ လျှောက်လှမ်းသွားခဲ့ကြတယ်။ သို့ပေမဲ့ မင်္ဂလာဦးညမှာတော့ ရှန်မုအန်းက ရုတ်တရက် လှည့်လာပြီး သူ့အပေါ် တက်ထိုင်ကာ သူ့အား ဖိချလာပြီး အသက်ရှူရပ်လုနီးပါးဖြစ်အောင် လုပ်ပစ်ခဲ့တယ်။

သူသေလောက်အောင် အဖိခံထားရတယ်ဆိုတာကို ခံစားမိတာနဲ့ ချူယီတယောက် နောက်ဆုံးတော့ အိပ်နေရာကနေ လန့်နိုးလာခဲ့တယ်။ သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ သူ့ကို ကြိုဆိုနေတာက သူ့ရည်းစားအသစ်လေး မဟုတ်ဘဲ ကြောင်ဝတုတ်ကြီး ဖြစ်နေခဲ့တယ်။

"လက်အိတ်ဖြူလေး၊ ဆင်းတော့ကွာ" ချူယီက သူ့လက်ကိုဆန့်ပြီး လက်အိတ်ဖြူလေးရဲ့တင်ပါးကို ပုတ်ကာ သူ့ဗိုက်ပေါ်ကနေ ဆင်းခိုင်းလိုက်တယ်။

လက်အိတ်ဖြူလေးက အင်တင်တင်နဲ့ ကြမ်းပြင်ပေါ် ခုန်ဆင်းပြီး ခေါင်းပြန်လှည့်လာကာ ချူယီထံ မကျေမနပ်နဲ့ တမြောင်မြောင်အော်မြည်နေခဲ့တယ်။ ထို့နောက် သူ့ကို ထပ်ပြီး ဂရုစိုက်မနေတော့ဘဲ မခန့်လေးစားဟန်နဲ့ ခပ်သွက်သွက်ထွက်သွားတော့တယ်။

ချူယီက ဖြည်းဖြည်းချင်း ထထိုင်လိုက်တယ်၊ စောနကမက်တဲ့ သူ့အိပ်မက်က လမ်းတဝက်မှာတင် အိပ်မက်ဆိုးကြီးအဖြစ် ပြောင်းလဲသွားခဲ့တာကို အံ့ဩမနေတော့ပါဘူး။ အခုလေးတင် မက်ခဲ့တဲ့ သူ့အိပ်မက်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးကြည့်လိုက်တော့ ချူယီရဲ့မျက်နှာက နည်းနည်းပူတက်လာခဲ့တယ်။ ဒီအိပ်မက်က သူလေ့ကျင့်ခန်းများများလုပ်သင့်တယ်လို့ သူ့ကို သတိပေးနေတာဖြစ်မယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now