《 Chapter 41 》

1.9K 357 1
                                    

{Unicode}

အခန်း (၄၁) - No

ချူစစ်ယွမ်ရဲ့စကားတွေက လက်ရှိ,ရှိနေကြတဲ့ လူတွေကို ရုတ်တရက် ထရယ်မိသွားစေတယ်။ သူ့မျက်နှာလေးက အလွန်လေးနက်နေပုံရပြီး ဘွားဘွားချူက သူ့အတွက် နောက်ထပ်ဦးလေးတယောက် တကယ်ကြီး ပေးစေချင်နေခဲ့တယ်။

ရှန်မုအန်းတယောက် ချူယီ့လက်မောင်းပေါ် ခေါင်းမှီထားရင်း သူ့မျက်နှာက အပြုံးတွေ ဝေဆာနေခဲ့တယ်။ ကလေးတွေက စိတ်ကူးယဉ်ဆန်ကြတယ်။

ချူယီလည်း ချူစစ်ယွမ်ကြောင့် ပြုံးရယ်နေခဲ့တယ်။ ချူစစ်ယွမ်နောက်ထပ်ဘာပြောလာမလဲဆိုတာကို သူကြားချင်နေမိတယ်။ ရှန်မုအန်း သူ့အပေါ် ပိုပြီးလွယ်လွယ်ကူကူ မှီထားလို့ရအောင် သူ့အနားကို သူပိုတိုးပေးလိုက်တယ်။

"စစ်ယွမ်" ယွေ့ယွေ့က ချူစစ်ယွမ်ကို ဒါဟာ မဖြစ်နိုင်ဘူးလို့ ပြောပြချင်ခဲ့တယ်။

သို့ပေမဲ့ ချူစစ်ယွမ်ကတော့ ဖုန်းကိုသာကိုင်ထားဆဲဖြစ်ပြီး ယွေ့ယွေ့ကို လုံးလုံး သတိမပြုမိခဲ့ချေ။

အသက်ကြီးရင့်နေပေမဲ့ အားအင်အပြည့်နဲ့ ယောကျ်ားအသံတသံကို ဖုန်းထဲကနေ ကြားလိုက်ရတယ်၊ အဲ့ဒါက ဘိုးဘိုးချူပင်။

"ဖြစ်နိုင်ရင် ငါလဲ မင့်ဘွားဘွားချူကို နောက်ဦးလေးတယောက်လောက် ထပ်မွေးခိုင်းချင်ပါတယ်ကွာ၊ ဒါပေမဲ့ တို့တွေလဲ ဒီ့ထပ်မတတ်နိုင်တော့ဘူးလေ" ဘိုးဘိုးချူက သက်ပြင်းအရှည်ကြီးချရင်း စကားဆက်ပြောချင်နေပေမဲ့ သူ့မြေးငယ်လေးက ရုတ်တရက် ပြန်ပြောလာခဲ့တယ်။

"ဘိုးဘိုး၊ ဘွားဘွားဘယ်မှာလဲဟင်?" ချူစစ်ယွမ် မေးလိုက်တယ်။

ဘိုးဘိုးချူခမျာ ကြောင်အသွားရတော့တယ်၊ ဘာဖြစ်လို့လဲ? မင်းက ဘာလို့ အဘွားကိုပဲရှာနေရတာတုန်း? ဒီအဘိုးကိုလည်း တခေါက်လောက် ရှာပါအုံးလားကွာ?

သူ့အတွင်းစိတ်ခံစားချက်တွေက ကသောင်းကနင်းဖြစ်နေသော်ငြားလည်း အပေါ်ယံမှာတော့ ဘိုးဘိုးချူက ပုံမှန်အတိုင်းဖြစ်နေဆဲပင်။ ကုလားထိုင်ကို သူကျောမှီလိုက်ပြီး မေးလာတယ်၊ "မင်းအဘွားက ရေပူစမ်းသွားတယ်"

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now