" အာ တီစိမ့် "

စိမ့်စမ်းညိုကိုသူမနှုတ်ဆက်ပွေ့ဖက်လိုက်သည်။

" အော် ဒီကလေးကရွှေရဲ့သမီးလေး နွေဦးမောင်တဲ့ "

" နွေဦးမောင် "

ဒေါက်တာမြကြာဖြူကသူ့ကိုသေချာလေးကြည့်နေမိတယ်ထင်ရဲ့။အင်းပေါ့ မိုးဝေရီဆိုတဲ့ဒေါက်တာကိုလည်းသူမတို့သိမှာပေါ့။သူနဲ့တူလို့ပဲဒီလိုတွေအကဲခတ်ကြည့်နေကြတယ်ပဲထင်ပါတယ်။

" အေးဆေးနားလိုက်ဦး မမညစာပြင်လိုက်ဦးမယ် "

" စိမ့်တို့လည်းကူမယ်လေ "

" နေပါ ခရီးပန်းလာတာကို သွား သွား သွားနားချေ "

သူတို့အတွက်ကြိုပြင်ဆင်ထားတဲ့အခန်းထဲကိုအိမ်အကူမိန်းကလေးတစ်ယောက်ကအထုပ်တွေကူသယ်ပေးပြီးသူနဲ့အတူခေါ်သွားလေသည်။

" မမမိုးနဲ့သိပ်တူတာပဲနော် ဒေါက်တာ "

" အွန်း ဆန်းကြယ်လိုက်တာ လောကကြီးဆိုသည်မှာလည်း "

" မမမိုးဒီမှာရှိတာ တီစိမ့်သိလားဟင် "

" မသိသေးဘူး ying ရဲ့ "

" ညကျရင်တော့ တွေ့ကြရတော့မှာ ဘယ်လိုလုပ်မလဲ "

" တချို့သောအရာတွေကရှောင်လွှဲလေပိုဆိုးလာလေပဲ အဲ့တော့ရင်ဆိုင်ရမှာပေါ့ "

ပြောသလိုပဲမိုးဝေရီရောက်လာပါပြီ။

Dinner စားရာဝိုင်းနဲ့မလှမ်းမကမ်းမှာပင်ရပ်တန့်သွားသောခြေအစုံ မျက်လုံးတွေထဲကပြာယာခတ်သွားတဲ့ပုံရိပ်တချို့ ရင်တွေကတဒိန်းဒိန်းခုန်လာတာ အချစ်ကြောင့်လား ဒါမှမဟုတ်တခြားတုန်လှုပ်မှုတစ်ခုကြောင့်လား။

5 yrs ago...

" မိုး မတို့ကျော်ဖြတ်နိုင်ပါ ဒီတစ်ခါထပ်ပြီး ဒီတစ်ခါနောက်ဆုံးပဲဖြစ်မှာပါ မိုးရှေ့မှာမရှိပါတယ် "

" တော်ပြီ မ ဒီမှာပဲရပ်လိုက်ကြရအောင် "

" မိုးကိုမဘယ်လောက်ထိချစ်လဲ မိုးအသိဆုံးလေဟာ ဒီတိုင်းလွယ်လွယ်ကူကူနဲ့မမိုးကိုဘယ်လိုလက်လွတ်နိုင်မှာလဲ မိုးရာ "

" အဲ့ဒါမကိစ္စပါ "

" ပြောရက်လိုက်တာ မိုး ဒီအခြေအနေထိရောက်အောင် မကမိုးဘေးနားမှာရှိနေပေးခဲ့တာ မ မရှိရင်မိုးတကယ်အဆင်ပြေမလား "

Secret Love On AirWhere stories live. Discover now