၈၇+၈၈+၈၉

Start from the beginning
                                    

ဂျင်းကမာဟင်းဟာ အလွန်ကြီးပြီး လူတစ်ယောက်လျှင် တစ်ပွဲစီရပြန်သည်။ ကမာ၏ အသားများဟာ နူးညံ့ကာ အသားလည်း များသည့်အပြင် စား၍လည်းကောင်းသည်။ ပါးစပ်တစ်လုတ်အပြည့် စားလိုက်ချိန်တိုင်း နူးညံ့ကာ အရည်ရွှဲသည့် ခံစားချက်မျိုးအပြင် ဂျင်းအနံ့ ဖျော့ဖျော့ကိုလည်း ရလေရာ အညှီဓာတ်ကိုလည်း မခံစားရတော့ချေ။ ပို၍ဆိုးသည်မှာ ယွမ့်ထန်းက ပဲပင်ပေါက်များကိုလည်း နူးအိအောင် အရန်ဟင်းအဖြစ် ပြင်ဆင်ထားပေးသည့်အပြင် ကြာဇံခေါက်ဆွဲကိုလည်း ပြင်ဆင်ထားပေးသည်။ သူက ထိုအရာများကို ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့နှင့် ရောနှောပြီးနောက်တွင် ကမာမှ အညှီဓာတ်များကို စုပ်ယူထားသည့်အတွက် ဟင်းကိုပို၍ လတ်ဆတ်ကာ အရသာရှိသွားစေသည်။ ထို့ကြောင့် ပါးစပ်တစ်လုတ်အပြည့် စားလိုက်ချိန်တိုင်း ကောင်းမွန်သည့် အရသာကသာ အပြည့်ပါဝင်လာမည်ဖြစ်သည်။ အရသာက အလွန်ကောင်းလွန်းလှလေရာ စကားဖြင့်ပင် ဖော်ပြရန်ခက်ခဲသည်။

သိပ်မကြာခင်အချိန်တွင် နောက်ဆုံး ပူးပူးနွေးနွေး ဟင်းလျာဖြစ်သည့် ဒီနှစ်မွေးနေ့ပွဲ၏ အဓိက ဟင်းလျာဖြစ်သည့် ရေပုဇွန်နှင့် ကျောက်ပုဇွန်အရော ဟင်းလျာက ရောက်လာလေပြီ။

ဉာဏ်ရည်မြင့်စက်ရုပ်က အလွန်ကြီးမားလှသော သံမဏိပန်းကန်ကြီးကို သယ်ဆောင်လာသည်။ အထဲတွင် တောက်ပနီရဲသော ကျောက်ပုဇွန်နှင့် ရေကြိုပုဇွန် အစပ်က ထင်ရှားစွာ ပါလာသည်။

[ပူလောင်အိုက်စပ်တဲ့ နွေရာသီ.. အိုး ဒါအဲ့ဒီမကောင်းဆိုးဝါးကြီး မဟုတ်လား။ ငါမှတ်မိတာ မှန်မယ်ဆိုရင် ဂြိုလ်နံပါတ်(၁၉)မှာ ယွမ့်ထန်း တိုက်ရိုက်ထုတ်လွင့်ခဲ့တုန်းကလည်း ဒီလောက်ကြီးတဲ့ ရေမကောင်းဆိုးဝါးကြီးတွေ ပါခဲ့သေးတယ်]

[မူဝမ်ခယ့်.. ဒါက Shopping ဆိုင်မှာ ရနိုင်နေပြီပဲ။ ဒီမှာပါတဲ့ အရမ်းကြီးတဲ့ ကျောက်ပုဇွန်ကြီးတွေက ဂြိုလ်နံပါတ်(၁၉)က ရေမကောင်းဆိုးဝါးကြီးတွေနဲ့ တူတယ်ဆိုပေမဲ့ တကယ်တော့ သူတို့ကို မိတ်ဆက်အရ ရေကြိုပုဇွန်လို့ ခေါ်တယ်ဆိုပဲ။ ရှေးခေတ် မြေကမ္ဘာခေတ်က ပါဝင်ပစ္စည်း တစ်မျိုးလို့ပြောတယ်။ ရေမကောင်းဆိုးဝါးတွေလောက်တော့ မကြီးမားဘူးပေါ့]

You've reached the end of published parts.

⏰ Last updated: Aug 20, 2023 ⏰

Add this story to your Library to get notified about new parts!

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now