၈၇+၈၈+၈၉

Start from the beginning
                                    

[ကျောက်တုံး.. မင်းသိတယ်ဆိုတာကို ပြသနေတာပဲ။ တကယ်တော့ ဒီနေ့က မာရှယ်ဟော်ရဲ့ မွေးနေ့ပွဲလေ။ ဒီဟင်းတွေအားလုံးက သူကြိုက်တဲ့ အရသာအတိုင်းပဲ ချက်ထားတာ ဖြစ်ရမယ်။ နောက်ဆုံးပွဲတုန်းက မာရှယ်ဟော်က အစပ်ဟင်းတွေကိုကြိုက်တဲ့ ထူးခြားတဲ့ သဘောကျနှစ်ခြိုက်မှုရှိတာကို ငါတွေ့ထားတယ် (မရိုးရှင်းသော Emoji)]

[ရေထဲကအရိပ်.. အပေါ်က ကော်မန့်ပိုင်ရှင်က တွေးတောသုံးသပ်နိုင်စွမ်းရည် မြင့်မားတာပဲ]

ကြည့်ရှု့သူများ၏ စနောက်မှုကို မြင်သောအခါ ယွမ့်ထန်းကလည်း ဧည့်သည်များ၏ တုန့်ပြန်မှုကို ကြည့်လိုက်သည်။

ဧည့်သည်အများစုက ယွမ့်ထန်းနှင့် မရင်းနှီးကြချေ။ အကယ်ဒမီသိပ္ပံမှ ဒုဥက္ကဌပိုင်ချီနှင့် ဇနီးလောင်းဖြစ်သူ သူနှင့်ယခင်တစ်ခေါက်က တွေ့ခဲ့ဖူးသော ရှားမီတို့ကမူ အနည်းငယ် သိထားသည်ဟု ဆိုနိုင်လေသည်။ ထိုနှစ်ယောက်က အစပ်မစားနိုင်သော လူနှစ်ယောက် ဖြစ်နေကြသည်။ ထို့ကြောင့် ဟင်းလျာများကို ကိုင်ပြီးချိန်တိုင်း ထိုနှစ်ယောက်လုံးက ကိုလာသောက်ရသည်။ သူတို့၏ နဖူးတွင်လည်း ချွေးများရွှဲနေပြီး နှုတ်ခမ်းများက နီရဲနေကြသည်။ သေချာစွာပင် သူတို့၏ လျှာများကလည်း ထုံထိုင်းနေလောက်သည်။ သို့သော် သူတို့က မရပ်တန့်ကြချေ။

အနှစ်ချုပ်ဆိုရသော် ဟော်မိသားစုက ကောင်းမွန်နေသေးလေသည်။ ဟော်ယွမ်ချမ်းက နဂိုကတည်းက အစပ်ဟင်းလျာများကို သဘောကျလေရာ ခပ်မြန်မြန်စားနိုင်သည်။ ဟော်ဝေ့ယဲ့နှင့် ရန်ကျင်းတို့ဟာလည်း အလားတူသော အရသာကို သဘောကျကြသည်။ ဟင်းထဲတွင် ပါဝင်သော အစပ်ဓာတ်က သူတို့စားလေလေ သူတို့အား သဘောကျလေလေ ဖြစ်လာစေသည်။ ဟော်ယွန်ရီကဲ့သို့ ဟင်းလျာအချိုများကို သဘောကျနှစ်သက်သူပင် ခေါင်းပင်မဖော်ဘဲ စားနေသည်။

စာဖိုမှူးတစ်ယောက်အနေနှင့် သူပြင်ဆင်ထားသော ဟင်းလျာများကို ဧည့်သည်များက ပျော်ရွှင်စွာ စားသုံးနေခြင်းအား ကြည့်ရခြင်းထက် ပိုကောင်းသည့် နှစ်ခြိုက်စရာ အကြောင်းပြချက် မရှိတော့ပေ။

You've reached the end of published parts.

⏰ Last updated: Aug 20, 2023 ⏰

Add this story to your Library to get notified about new parts!

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now