《 Chapter 74 》

Start from the beginning
                                    

သို့သော် ချူယီဘာမှမလုပ်ရသေးခင်မှာဘဲ ရှန်မုအန်းက ရုတ်တရက် အနားကိုပိုမိုတိုးကပ်လာပြီး ချူယီမျက်နှာကို နမ်းလိုက်ကာ အပြုံးလေးနဲ့ မေးလာခဲ့တယ်၊ "အခုရော အဆင်ပြေသွားပြီလား?"

ချူယီရဲ့သူငယ်အိမ်တွေ ပိုပြီးပြူးကျယ်လာခဲ့တယ်၊ အဆမတန် ခုန်လှုပ်နေတဲ့ သူ့နှလုံးခုန်သံတွေကိုတောင် ကြားနေရတယ်။ ပုံမှန်ထက် ဘယ်လောက်မြန်မြန်ခုန်နေမှန်းတောင် သူ မသိတော့ဘူး။

"ဘာလို့ ဒီလောက်တုံ့နှေးသွားရတာတုန်း?" ရှန်မုအန်းတယောက် ဒီလူက အရမ်းရယ်ရတယ်လို့ တွေးနေခဲ့တယ်။ သူလိုချင်နေတာကို သိသိသာသာကြီး လုပ်ပေးလိုက်ပေမဲ့ သူ့ခမျာ ဒီလိုမျိုးပဲ တုံ့ပြန်နိုင်သေးတယ်။ တကယ့်ကို စိတ်ဝင်စားစရာပါပဲ။

တကယ်တော့ ရှန်မုအန်းက သူနဲ့ ချူယီရဲ့ဆက်ဆံရေးကို ဟိုးအရင်ကတည်းက စဉ်းစားထားခဲ့တာဖြစ်တယ်။ ဒီလူလှုပ်ရှားလာမဲ့အချိန်ကို သူတွေးနေခဲ့တဲ့အပြင် သူ့ရှေ့မှာ ရှိနေတဲ့သူကို စိတ်ထဲက တကယ်သဘောကျတာမျိုး ဟုတ် မဟုတ် ဆိုတာကိုလည်း သူအလေးအနက် တွေးတောဖြစ်ခဲ့တယ်။

ချူယီက တကယ့်ကို လူကောင်းတယောက်ပါပဲ၊ သူ့ကိုလည်း ကောင်းကောင်းဆက်ဆံတဲ့အပြင် သူတို့က တယောက်ကိုတယောက်လည်း သဘောကျကြတယ်။ ဒါပေမဲ့ ရှန်မုအန်းအနေနဲ့ ချူယီအပေါ် သူ့ခံစားချက်တွေက အချစ် ဟုတ် မဟုတ် ဆိုတာကိုတော့ သူသေချာမသိဘူး။ ခွေးသွေးအချစ်ဝတ္ထုတွေ အများကြီး သူဖတ်ဖူးပေမဲ့ "အချစ်" ဆိုတဲ့ စကားလုံးက သူ့ဆီ တကယ်ကြီး ရောက်လာတဲ့အချိန်မှာတော့ သူတွေးရခက်သွားခဲ့တယ်။

နောက်ဆုံးတော့ ကလေးတွေနဲ့ တိရစ္ဆာန်လေးတွေကြားမှာ အထူးတလည် ရေပန်းစားသူဖြစ်တဲ့ ဆရာအန်းအန်းက မွေးကတည်းက အထီးကျန်ခွေးလေးတကောင်သာ ဖြစ်ခဲ့ရတယ်။ သူ ဒီလိုခံစားရတာက ဒါပထမဆုံးအကြိမ်ပါပဲ။

ဒါပေမဲ့ သူတယောက်ယောက်ကို ရွေးချယ်တော့မဲ့အချိန်၊ သူနဲ့အတူ အနာဂတ်တခုကို ဖြတ်သန်းဖို့ စိတ်ကူးယဉ်ကြည့်လိုက်တဲ့အခါ၊ ရှန်မုအန်းစိတ်ထဲမှာ ပထမဆုံးပေါ်လာခဲ့တဲ့သူက ချူယီပါပဲ။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now