Extra2(uni+Zg)🖤

6K 378 113
                                    

Extra2

"အဲ့တော့ ငိုတယ်ပေါ့....ရှယ်ယာရှင်တွေဘက်ကရောဘာတွေပြောသေးလဲ"

"..........."

"ရှယ်ယာရှင်တွေရဲ့သဘောအတိုင်း အဆင်ပြေသလို အတွင်းရေးမှုးJungစီစဥ်ပေးလိုက်ပါ"

"..........."

"ခြံထဲကိုကားဝင်လာနေပြီဆိုတော့ ဒီလောက်နဲ့ပဲ...... အရင်ကထက်ပိုပင်ပန်းမယ်ဆိုပင်မယ့်အိမ်က ကလေးကို ဂရုစိုက်ပေးပါဦး....နောက်မှပြန်ဆက်သွယ်လိုက်မယ်"

Jeonသည်ဖုန်းပြောပြီးနောက် ခြံထဲတွင်ရပ်ထားသောပြိုင်ကားအနီလေးအားလှမ်းကြည့်နေကာ ခပ်ရေးရေးပြုံးလိုက်သည်။ ထို့နောက်  အခန်းတံခါးဝဘက်သို့လှည့်၍မတ်တပ်ရပ်နေကာ အခန်းထဲသို့ဝင်လာမည့်သူအားစောင့်မျှော်နေသည်။ ၃မိနစ်အကြာတွင်အခန်းတံခါးခေါက်သံနှင့်အတူဝင်လာသော သူ၏လူဆိုးကောင်.....အဖြူရောင်suitဖြင့် လူကြီးပေါက်စလေးဖြစ်နေကာ အနက်ရောင်ဆံပင်တို့အားဘေးခွဲကာသပ်သပ်ရပ်ရပ်ဖြင့် မျက်နှာမှာမူ နှာခေါင်းထိပ်လေးနီရဲနေကာ မျက်ဝန်းတို့မှာမို့မောက်နေသောကြောင့် ငိုထားသည်မှန်းသိသာလှသည်။ Jeonသည် အခန်းထဲသို့ဝင်လာသူအား သူ၏လက်နှစ်ဖက်ကိုဆန့်တန်းလိုက်၍

"ကလေးလေး....."

Jiminသည်သူ၏လက်ထဲမှလက်စွဲအိတ်အားကုတင်ပေါ်သို့ပစ်တင်၍ Jeonဖွင့်ပေးထားသော ရင်ခွင်ထဲသို့ခြေလှမ်းကျဲများဖြင့်ဝင်သွားကာ ပခုံး၌မျက်နှာအပ်၍ ခါးကိုတင်းကျပ်စွာပွေ့ဖက်ထားသည်။ Jeonသည် Jimin၏ခေါင်းလေးအား လက်တစ်ဖက်ဖြင့်ပွတ်သပ်ပေးနေကာအနူးညံ့ဆုံးလေသံဖြင့်

"ဒီနေ့အဆင်မပြေဘူးဆို......"

"အင်း....."

Jeonသည်Jimin၏နားသယ်စပ်လေးအားဖိနမ်းလိုက်၍

"CEOတာဝန်ဆိုတာ ဝန် ကြီးတယ်ကလေးရ....အရာအားလုံးက ကိုယ့်ဆုံးဖြတ်ချက်ပေါ်မှာမူတည်နေတာ ကိုယ့်ဆုံးဖြတ်ချက်တချက်မှားသွားတာနဲ့ ဒီနေ့လိုကိစ္စတွေဖြစ်လာလိမ့်မယ်......ဒီနေ့အမှားက ပထမဆုံးနဲ့နောက်ဆုံးဖြစ်ပစေနော်....."

Jiminကခေါင်းညိတ်ပြသည်။

"ဇဝေဇဝါဖြစ်နေရင် ကိုယ့်ထက်ဝါရင့်တဲ့သူတွေကိုမေး.....ကိုယ့်ကိုမေးလို့ရတာပဲလေ"

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now