အပိုင်း ၅၂

Comincia dall'inizio
                                    

ဖေးဖေးက တခြားကလေးတွေနဲ့ မတူဘူး။ ချင်ကောက သူနဲ့ အရမ်းရင်းနှီးသွားလို့ဖြစ်မယ်။ သူက ဆူညံတာမရှိ၊ ခြေထောက်တွေနဲ့ ကန်တာမျိုးမလုပ်ဘဲ ချင်ကောကို ဆက်ကြည့်ရင်း Rubik's cube ကို ကိုင်ထားခဲ့သည်။

နောက်ဆုံး ဝူထုန်က သည်းမခံနိုင်တော့ဘဲ ခြံထဲ လျှောက်သွားကာ ဖေးဖေးကို ကယ်တင်ဖို့ ထိုလူရဲ့ လက်မောင်းကို ပုတ်လိုက်သည်။ "ရှင်ပြောစရာရှိရင်ပါးစပ်နဲ့ပြောလေ ဘာလို့လက်နဲ့လုပ်တာလဲ"

"နိုးပြီလား"  ဖေးဖေးကို ချော့နေတဲ့ ချင်ကော စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီလို့ ခန့်မှန်းရသည်။

"ရှင့် အသံအရမ်းကျယ်​လို့ ကျွန်မနိုးလာတာ"  ဝူထုန် ဒေါသထွက်ကာ​ပြောလိုက်သည်။

" ဟေး  ဖေးဖေး  ..." ချင်ကော ဒေါသတကြီးနဲ့ "မင်း ဒီနေ့ အဖေနဲ့ လေ့ကျင့်ခန်းစလုပ်မယ်လို့ ရှင်းရှင်းလင်းလင်း သဘောတူထားပြီးတော့  ဒီမနက်ကျတော့ အိပ်ရာကမထချင်ဘူး"

ဝူထုန်က ဖေးဖေးကို ငုံ့ကြည့်လိုက်သည်။  ဝူထုန်က သူ့ တစ်ဦးတည်းသော ကယ်တင်ရှင်ဖြစ်ကြောင်း ဖေးဖေးက သိနေပုံရသည်။  ဝူထုန် မမေးခင်မှာ သူ့ခေါင်းကို အဆက်မပြတ် ခါခဲ့သည်။

ချစ်စရာကောင်းတဲ့ အမူအရာက ဝူထုန်ကို ချက်ချင်း ရယ်အောင်လုပ်ခဲ့သည်။

"ဖေးဖေး"  ဖေးဖေးက မျက်မှောင်ကြုတ်ပြီး ခေါင်းယမ်းနေတာကိုမြင်ပြီးနောက် ချင်ကောက မျက်မှောင်ကြုတ်ကာ ဖေးဖေးကို ဝူထုန်ရဲ့ ရင်ခွင်ထဲက ဆွဲထုတ်လိုက်သည်။  ဖေးဖေးက အလွန်ကြောက်လန့်သွားကာ ဝူထုန် လည်ပင်းကို ဖက်ထားပေမယ့် ထိုလူက အားကောင်းလွန်းသဖြင့် အမေကော၊ သားကိုကော ဆွဲခံလိုက်ရသည်။

ဝူထုန်က ချင်ကောရဲ့ ခွန်အား ဘယ်လောက် ပြင်းထန်လဲဆိုတာ သိသည်။ ကလေးဆိုပြောမနေနဲ့ သူမတောင်  နာကျင်မှုကို ခံစားလိုက်ရသည်။ ဒါကိုတွေးရင် ဝူထုန်က " ဖြည်းဖြည်းလုပ်လေ။ ချင်ကော ကျွန်မက ရှင့်လို အားမသန်ဘူး "

"ဒါဆို မင်းသူ့ကို လွှတ်လိုက်။ သူ ဒီနေ့ ကိုယ်နဲ့ လေ့ကျင့်ခန်းလုပ်ရမယ် "  ဝူထုန်ရဲ့အမြင်တွင် ချင်ကောက ဖေးဖေးအပေါ် အလွန်နူးညံ့ပြီး သူ စိတ်တိုဒေါသထွက်နေတဲ့ ခံစားချက်တွေကို ဖေးဖေး ရှေ့မှာ တစ်ခါမှ မပြဖူးပေ။ ဒါပေမယ့် ဒီနေ့ ချင်ကောရဲ့အမူအရာက အနည်းငယ်လေးနက်လွန်းသည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Dove le storie prendono vita. Scoprilo ora