မင်းကချစ်ပါလို့မတောင်းဆိုခဲ့ပေမယ့် မချစ်ဘဲမနေနိုင်ခဲ့တာကကိုယ်မို့
ကိုယ်နဲ့ပတ်သက်ပြီး ဆိုးသည်ကောင်းသည် ကိုယ့်မှာသာတာဝန်ရှိပါတယ်။မင်းပျော်နေရင် ကိုယ်လဲပျော်ပြီး မင်းဝမ်းနည်းနေရင် နေစရာပျောက်တဲ့ကိုယ်က မင်းအတွက် လုံခြုံစိတ်ချရတဲ့ လူတစ်ယောက် အနားမှာရှိနေတာ လက်ခံပေးရမှာပေါ့။
သိရဲ့လားအချစ်ရေ မင်းကိုချစ်မိမှတော့ မင်းနဲ့ပတ်သက်တဲ့ဒဏ်ရာလေးတွေလဲ ချစ်တတ်နေပြီလေ။
ချစ်သူနှစ်ဦး ပျော်ရွှင်နေတာကို မျက်ရည်တွေနှင့်ငေးကြည့်နေတဲ့ကောင်လေးတစ်ယောက်..
နောက်ဆုံးတော့ သူ လမ်းမှန်တစ်ခုကို ရောက်စပြုလာပြီဖြစ်သည်။ထိုအချိန် သိပ်ချစ်ကြတဲ့ကောင်လေးနှစ်ယောက်အနားသို့ လူတစ်ယောက် ချည်းကပ်လာနေသည်။
လမ်းမကြီးတွင် ကားနှစ်စီးသာရှိပြီး လူရှင်းနေပါလျက် ထိုလူက အဘယ်ကြောင့်များ ဒီလမ်းထဲသို့ဝင်လာပါသနည်း။
ဒီတိုင်းကြည့်လျှင် သာမန်ကာ လျံကာ ဖြတ်သွားဖြတ်လာ လူတစ်ယောက်လို့ထင်နိုင်ပေမယ့်
"ဦးလေးလား"
သူ့ကို စာတစ်စောင်ပို့ပြီးကတည်းက အဆက်အသွယ်မလုပ်တော့တဲ့ အသိဦးလေးဖြစ်၍နေသည်။
မင်ဟီး အမြန်ပင်ကားထဲမှထွက်၍ ယူဂျင်းတို့အနားဆီပြေးသွားရန်အလုပ်ဦးလေးလက်ထဲမှ ဓားချွန်လေးအား လက်ခနဲမြင်လိုက်ရတာကြောင့်..
"အားးး"
နောက်ဆုံးတော့ သူ..ချစ်ရတဲ့ကောင်လေးကို ကာကွယ်ပေးလိုက်နိုင်ပြီ။
"မင်ဟီး ဘယ်လိုရောက်လာတာလဲ ဘာဖြစ်တာလဲ ဟင် သွေးတွေ"
အသိဦးလေးကတော့ ထွက်ပြေးလေပြီ။
တော်သေးရဲ့ သူအချိန်မှီလိုက်ခင်လို့ပေါ့.."ကိုကိုရေ လုပ်ပါအုံး မင်ဟီး ဗိုက်မှာသွေးတွေ ဟင့်!'
"မင်ဟီး သတိကပ်ထားနော် ဆေးရုံပို့ပေးမယ် ကိုကြီး ဆေးရုံပို့ပေးမှာမို့ သတိမလွတ်စေနဲ့!!!"
ချက်ခြင်း သူ့ကိုလာပွေ့ကာ ကားပေါ်တင်၍ အလုပ်များနေတဲ့ကိုကြီး..
YOU ARE READING
P O S S E S S I O N (Complete)
Fanfiction"ကိုယ် တို့ ကစားပွဲ တစ်ခုလောက် စမ်းကြည့်မလားကလေးလေး"