"မေခါး မေခါးရေ ညီမလေး ထပါဦးဟာ နင် နင့်ကလေးကို ဒီလိုထားသွားလို့မရဘူးလေ စွေ့သာရော အခု နင်ကပါ ဒီကလေးကို ထား.....ဟင်"

နွန်နန်း သူ့လက်ပေါ်မှ ကလေးငယ်လေးအား ရုတ်တရက်ကြည့်မိသွားပြီး ကလေးလေး၏ မျက်လုံးအရောင်နှင့် ရင်ညွှန့်အလယ်တည့်တည့်မှ မွေးရာပါအမှတ်အား မြင်သွားချိန်မှာတော့ ပြောနေသော စကားပါ ရပ်တန့်သွားတော့သည်။ နံဘေးဝဲယာရှိ ငိုနေသော အမျိုးသမီးတို့မှာလည်း ကြောင်အစွာ နွန်နန်းအား ငေးစိုက်ကြည့်လျက်။

နွန်နန်းကတော့ ကလေးငယ်ကို ဘေးမှ အမျိုးသမီးဆီ တုန်တုန်ယင်ယင်ဖြင့် ပေးလိုက်ပြီး အချိန်အတော်ကြာ ကြောင်အစွာ ရပ်နေပြီးမှ ရုတ်ချည်း အပြင်သို့ ပြေးထွက်သွားတော့သည်။

"အော်လာ အော်လာရေ အော်လာ"

(A/N-အော်လာမှာ မျိုးနွယ်စု၏ အကြီးအကဲ ခေါင်းဆောင်ကို ခေါ်ဆိုခြင်း)

သူမ ကြောက်လန့်တစ်ကြားဖြင့် မျိုးနွယ်စုခေါင်းဆောင် အိမ်သို့ အပြေးနှင်လာတော့သည်။

သူမ အော်လာ၏ အိမ်သို့ ရောက်သောအခါ မြေပြန့်ဒေသမှ ဖြစ်ပုံရသော ကောင်လေးနှစ်ယောက်ဖြင့် စကားပြောနေသည်။

မျိုးနွယ်စု၏ အကြီးအကဲ သို့မဟုတ် ခေါင်းဆောင်ဖြစ်သော အော်လာမှာ အသက် (၆၀) ကျော်အရွယ်ဖြစ်ပြီး ဆံပင်တွေ ဖြူဖွေးနေသည်။ သို့သော် မျက်လုံးများမှာတော့ မှော်ပညာကို အဆုံးစွန်နားလည်ထားပြီး ရင့်ကျက်တည်ငြိမ်ကာ အရာအားလုံးကို ကြိုသိနေသည့်အလား စူးရှလျက်။

နွန်နန်းကတော့ ဆောက်တည်ရာမရပဲ အော်ဟစ်လိုက်မိသည်။

"အော်လာ ကျိန်စာက စလာပြန်ပြီ!!! နောက်ထပ်နှစ်တစ်ရာ ပြည့်သွားပြန်ပြီ အော်လာရေ ကျိန်စာ ဖြစ်လာပြီ! အီးးဟီးးး ဒီမြန်မာဘုရင်ရဲ့ ကျိန်စာက ပြန်လည် ဖြစ်တည်လာပြန်ပြီ"

ထိုသတင်းအား ကြားသောသူများမှာ ယူကျုံးမရဖြစ်ပြီး မျက်နှာမျိုးစုံ ဖြစ်ပျက်သွားတော့သည်။

နွန်နန်းကတော့ အော်ဟစ်သောင်းကျန်းလျက်ရှိသည်။

အော်လာကတော့ အရာအားလုံးကို ကြိုတင်သိရှိနေသည့်အလား သက်ပြင်းချ၍ ထိုင်နေရာမှ ထလိုက်သည်။ ဘာမှ မသိ၍ ကြောင်တောင်တောင်ဖြစ်ကာ အံ့ဩနေသော ကောင်လေး နှစ်ယောက်အား ကြည့်ကာ

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Where stories live. Discover now