Part-2

152 7 6
                                    

Unicode
"အော်လာ ဘာတွေပြောနေတာလဲ မေခါးသားလေးကိုတော့ သူတို့ကို ပေးမပစ်ဘူးမဟုတ်လား အော်လာ ကလေးက ကျိန်စာနဲ့ဆိုပေမယ့် စွန့်ပစ်ရလောက်အောင်ထိ မလိုသေးဘူးလေ"

ဘေးမှ လူများ၏ ထိန်းမကူညီဖြောင်းဖြပေးမှုကြောင့် အနည်းငယ်စိတ်တည်ငြိမ်လာသော နွန်နန်းမှာ မျိုးနွယ်စုခေါင်းဆောင်၏ စကားအား ကြားလိုက်မိ၍ ချက်ချင်းခွန်းတုန့်ပြန့်လိုက်မိသည်။

ထိုချိန်မှာ အော်လာသည် တဖန်သက်ပြင်းချ၍ နွန်နန်း၏ ပခုံးအား လက်ဖြင့် ခပ်ဖွဖွ ပုတ်ပေးလိုက်ရင်း

"နွန်နန်း အရာအားလုံးဟာ ကံစီမံရာပဲ၊ နင်လည်း မှော်ဆရာမတစ်ဦးဆိုတော့ နားလည်မှာပါ၊ အခု..ဒီကလေးရဲ့ ကံကြမ္မာက ငါတို့ထင်ထားတာနဲ့ လုံးဝကို မတူကွဲပြားနေတယ်.... ဒါပေမယ့် ကျိန်စာပါလာတယ်မလား.. အခု .ဒီကလေးကို ငါတို့နေရာမှာသာ ထားမယ်ဆိုရင် အရင်ကလေးတွေလိုပဲ ရာဂတဏှာ တောက်လောင်ပြီး သေဆုံးသွားတာကို မြင်စေချင်တာလား"

"ဒါ...ဒါပေမယ့်"

"နွန်နန်းဝှား!! နင် ဒီကလေးရဲ့ ကြယ်တာရာခွင်အနေအထားကို အရင်ဆုံး ကြည့်လိုက်ပါဦး အဓိကက သူ့ရဲ့ သက်တမ်းကိုပဲ"

ကျယ်လောင်စူးရှပြီး ဩဇာအာဏာသံပါကာ တည်ငြိမ်လှသော အသံကြောင့် ဘေးမှ ​​​ကြည့်နေကြသော သူများသာမက ဦးဒီဝေးမောင်တို့ နှစ်ယောက် ပါ လန့်သွားရသည်။

"မှန်...မှန်ပါ အော်လာဝှား ကျွန်တော်မျိုးမှ ကြည့်လိုက်ပါ့မယ်"

နာမည်နောက်မှ မျိုးနွယ်ဆိုင်ရာ မှော်အသုံးအနှုန်းဖြင့် မေးလိုက်သောကြောင့် သူမ ကောင်းမွန်စွာ ပြန်ဖြေလိုက်သည်။ ဒါဟာ သူမတို့ရဲ့ တန်ဖိုးထားသင့်တဲ့ ရိုးရာဓလေ့။ ပုံမှန်ဆို ပူဇော်ပွဲများတွင်သာ အသုံးပြုပေမယ့် ယခုအခါမှာတော့ အရေးကြီးကိစ္စကြောင့်မို့သာ ဤသို့ အသုံးပြုလိုက်ခြင်း။

ထို့နောက် သူမ ကောင်းကင်ကို မော့ကြည့်ရင်း ကလေးငယ်မွေးဖွားစဥ်က ဖြစ်ပေါ်ခဲ့သော နက္ခတ်တာရာများအား တွက်ချက်လိုက်မိသည်။ သူမမျက်ခုံးတို့ တွန့်ချိုးသွားပြီး အံ့ဩသင့်သွားမိသည်။ ဘေးမှ လိုက်လံတွက်ချက်နေသူများမှာလည်း အံ့ဩတကြီး။ ရှေးယခင်က ကျိန်စာရှင် ကလေးငယ်များ ပါတက်သည့် ကျိန်စာ၏ အမှတ်အသားဖြစ်သည့် ငယ်ငယ်ရွယ်ရွယ် ရာဂတောက်လောင်သေဆုံးမည်ကို ညွှန်ပြသော နက္ခတန်းသည် ဤကလေးတွင် မပါရှိ။

Violet rose's owner is mine (ခရမ်းရောင် နှင်းဆီပိုင်ရှင်က ငါ့အပိုင်) Место, где живут истории. Откройте их для себя