7.2(final world)

905 50 1
                                    

ဝန်ကြီးချုပ်ရုံးအတွင်း အလုပ်များနေသော ဦးခွန်းနိုင်

ဒေါက်"

"ဝင်ခဲ့ပါ"

"ကိုခွန်းလုံ"

ညူတူတူအသံဖြင့်ခေါ်လာသော ဒေါ်နွယ်နီခတ်[ဇာတ်လိုက်မအမေ]

"အာ ဒေါ်နွယ်နီခတ်ကိုး ဘာများအကြောင်းထူးလို့ပါလဲ"

"အို ဘယ်လိုတောင်သူစိမ်းဆန်လိုက်သည်လဲ ကိုခွန်းနိုင်ရယ်"

"အာ ကျနော့်မယ် နောက်အိမ်ထောင်မပြုတော့ဘဲ ကင်းကင်းရှင်းရှင်းနေမယ် ဆုံးဖြတ်ထားတာကြောင့် နောင်ခါများဝယ် အလုပ်အကြောင်းပြောမည်ဆိုပါက ဝင်ခဲ့ပါ မဟုတ်ရင်တော့ လှည့်ပင်မလာပါနဲ့"

စကားရှည်ကြီးပြောပြီးသည့်နောက် စားပွဲပေါ်မှ သူ့ဇနီးဖြစ်သူအားကြည့်ပြီး ဘေးမှ ကော်ဖီ ကိုသောက်လိုက်သည်

"ဒီ coffee ကကျုပ်ဇနီးသိပ်ကြိုက်တာ"

တစ်ကိုယ်တည်းရည်ရွတ်ရင်းပြောလာသည်

"ဒီမယ် ဦးခွန်းလုံ တစ်ပင်လဲတစ်ပင်ထူတာ သဘာဝပါ"

"ကျုပ်သားမကြိုက်တာ ကိုမလုပ်ချင်ပေါင်"

"ဟက် နောက်ဆုံးတော့ ဒီအခြောက်ကောင်ကြောင့်ပဲကို"

"ဘုန်း! ဒီမယ် ဒေါ်နွယ်နီခတ် လက်တွဲလုပ်ဆောင်ထားတဲ့အလုပ်အားလုံးကို ဒီနေ့ အခုချိန်မှာ ဖြတ်သိမ်းလိုက်ပါပြီ နောင်များ ခြေဦးက ဒီဝန်ကြီးရုံးချုပ် အရှေ့မှာ မရပ်မိပါစေနဲ့ ပြီးတော့ မိန်းမသားတစ်ယောက်မို့ ကျုပ်ဒီလောက်သာပြောခြင်းဖြစ်တယ် ကျုပ်သားဟာ ကျုပ်ရဲ့အဖိုးတန်ရတနာဘဲ! ဒါကိုမြဲမြဲမှတ်ထားဒေါ်နွယ်နီခတ်"

"တောက်! ဟက်ရတယ်လေ အခြောက်ရဲ့အဖေ....."

"ဖြောင်း!"

ဒေါ်နွယ်နီခတ်အားပါးရိုက်လိုက်သော ဦးခွန်းလုံ

"ရှင်..ရှင်ဘာလုပ်တာလဲ"

"ကျုပ်ပါးရိုက်လိုက်တာ ဟိုမှာ Uniral လက်ဆောင်ပေးထားတဲ့ CCTV camera တစ်လုံးရှိတယ် ဒီဖြစ်ရပ်ကို ကြည့်ချင်သေးရင် ဒါမှမဟုတ် ခဗျားဘာဖြစ်ခဲ့လဲ မသိတော့ရင် ကျုပ်ပြမယ်"

စောက်တစ်လွဲလုပ်မယ့် system(ေစာက္တစ္လြဲလုပ္မယ့္ system)Where stories live. Discover now