6.7

1.1K 103 6
                                    

ထိုသို့နှင့်စနေနေ့ကိုရောက်လာလေရဲ့

"အဆင်သင့်ဖြစ်ရင် သွားမယ်"

လီရန်ခေါင်းဆောင်တဲ့အဖွဲ့ဟာ ဖိတ်စာကိုလုယူပြီး VIP Club ထဲသို့ဝင်သွားကြသည် အထပ်ပေါင်းများစွာရှိတဲ့ ထိုclub ဟာ အမှောင်ဘက်ခြမ်းကကောင်တွေအတွက် နတ်ပြည်ပင် အထပ်ပေါင်းများစွာဟာလဲ မြေအောက်ထဲမှာက 3 ထပ်ဖြစ်ပြီး အပေါ်ကိုကတော့ 5 ထပ်ဖြစ်သည် အလွန်ကျယ်သည် ပိုက်ဆံဟာလား အရမ်းကုန်သည် ထိုထဲကို လီရန် တို့ 6ယောက်ဝင်သွား၍ ဂိတ်ပေါက်မှလူက

"အဟမ်း ရိုးရိုးလာ အလဲအလှယ်လာ"

"အလဲအလှယ်"

လီရန်ပြန်ဖြေပြီး ကတ်ပြလိုက်တော့

"ဝင်ပါ သူဌေး"

ထိုသူက လိုက်ပို့ပေးလေရဲ့

သူတို့လဲ သွားရင်းနဲ့မှအတော်ကြာတော့ အခန်းတစ်ခန်းရှေ့မှာရပ်လိုက်သည်

"ဝင်သွားပါသူဌေး အထဲမှာ လူတေရှိပါတယ်"

လီရန် ခေါင်းညိမ့်ပြကာ သူတို့ အနားမှာ ရှိတဲ့ သန့်စင်ခန်းထဲဝင်ပြီး ပုံဖျက်လိုက်ကြလေရဲ့

6ယောက်လုံး ဆံပင်အတုကိုစွပ်ကာ နှုတ်ခမ်းမွှေးတွေပါတပ်လိုက်ကြသည် မျက်နှာမှာလဲ တတ်တူး ကတ်ခွာလေးကို ကိုယ်စီကပ်လိုက်ကျသည် အကုန်အပြီးမှာတော့ ဝင်သွားကြသည်

"ရောက်ပြီလား မင်းတို့က ဖိတ်စာလုပြီးဝင်ရောက်လာတဲ့သူဆို"

ထိုနေရာက အကြီးအကဲဖြစ်သူဟန်က မေးလိုက်သည်

"ဟုတ်တယ် ကျွန်တော်တို့ အသစ်အဆန်းလုပ်ကြည့်ချင်လို့"

"မင်းတို့ အဖွဲ့က U11လား"

"ဟမ် မဟုတ်ပါဘူး UCC ပါ"

"မင်းမျက်နှာက တက်တူးက U၁၁ ဖြစ်နေတယ်"

"ဟမ်"

လီရန်သူ့ အဖွဲ့ဘက်လှည့်ပြီး မေးလိုက်တော့

တိုးတိုးလေးဖြင့်
"ဟုတ်တယ်ဆရာ ဗြောင်းဗြန်ကြီး😖"

လီရန်က ရှုံ့မဲ့သွားပြီး

"ဟုတ်တယ် တက်တူးထိုးတဲ့ဆရာက မှားကြည့်လိုက်တာ အဲ့တာနဲ့ သူလဲခဗျားလို U11ထင်ပြီး မှားထိုးလိုက်တာ"

စောက်တစ်လွဲလုပ်မယ့် system(ေစာက္တစ္လြဲလုပ္မယ့္ system)Where stories live. Discover now