ရုန်းကန်နေရဆဲဖြစ်သည့် လျိုယွမ်က လီမင့်မျက်နှာကို ကြည့်ပြီး ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

"မင်းရဲ့ရည်းစားဆိုတာ ငါ့ကို ဘာလို့စောစောက မပြောတာလဲ" ချင်ကော လျိုယွမ် လက်ကို လွှတ်ပေးလိုက်ပြီး ပြုံးလိုက်သည်။

ထို့နောက် သူက လျိုယွမ့် ပုခုံးကို ပုတ်လိုက်ကာ နားလည်မှုလွဲခြင်း၊ အထင်လွဲခြင်းတို့ကို ထပ်ခါတလဲလဲပြောပြီး စိတ်ကောင်းနှလုံးကောင်းဖြင့် ဝူထုန်ဆီ ပြန်သွားချိန် ဇနီးသည် မျက်နှာ မည်းမှောင်နေတာကို သတိပြုမိကာ သူ အပြစ်ရှိသလို ခံစားလိုက်ရသည်။

"ရှင်ဘာလို့ ဒီကို ရောက်နေတာလဲ"  လို့ဝူထုန် မေးလိုက်သည်။

"မင်း အလုပ်ဆင်းရင် မင်းကိုလာကြိုဖို့ ကိုယ်လာခဲ့တာ"  လို့ချင်ကော တုံ့ပြန်ခဲ့သည်။

ဝူထုန် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ "ကျွန်မ အလုပ်ကို လာကြိုတာဆိုတော့ ဖေးဖေး ကကော"

"ကားထဲမှာ"  ချင်ကော ကားဆီညွှန်ပြလိုက်သည်။

"ရှင် သူ့ကို ကားထဲမှာ တစ်ယောက်တည်းထားခဲ့တာလား"  ဝူထုန် လမ်းဘေးမှာ ရပ်ထားတဲ့ ဂျစ်ကားကို ကြည့်လိုက်ရာ ချင်ကောက ဖေးဖေးကို တစ်ယောက်တည်း ကားထဲ တကယ် ထားခဲ့တာကို သူမ မယုံကြည်နိုင်ခဲ့ပေ။

"ကိုယ်... ကိုယ် အခုပြန်လိုက်ပါ့မယ်"  ချင်ကောက အစကကားတံခါးကို လော့ခ်ချထားတယ်လို့ ပြောချင်ပေမယ့် သူ့ဇနီးမျက်နှာက ကြောက်စရာကောင်းလွန်းနေသဖြင့် နာခံမှုဖြင့်သာ သူ ပြန်သွားမှရမည်။

လီမင်နဲ့ လျိုယွမ်တို့သည် ဝူထုန်က စကားအနည်းငယ်ဖြင့် ကြောက်စရာကောင်းတဲ့လူကို ဆူပူကြိမ်းမောင်းနေတာ မြင်လိုက်တဲ့အခါ ဝူထုန်ကို ချက်ချင်း ပဟေဠိမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

"ကျွန်မ တကယ်တောင်းပန်ပါတယ် စီနီယာ အဆင်ကောပြေရဲ့လား"  ဝူထုန် လျိုယွမ်ကို အမြန်တောင်းပန်လိုက်သည်။

"အဆင်ပြေပါတယ်။ ဒါပေမယ့်...အဲဒီလူကို မင်း သိတာလား"  လို့ လျိုယွမ် မေးလိုက်သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now