အပိုင်း ၄၉

Start from the beginning
                                    

လျိုယွမ် ထွက်သွားပြီးနောက်၊ ဝူထုန်က လီမင်ကို လွှတ်ပေးပြီး ပြောလိုက်သည်။ "မင်မင်၊ ငါအိမ်ထောင်ပြုလိုက်ပြီဆိုပြီး ထုတ်မပြောလိုက်နဲ့။ ပြီးတော့ သူတို့ကို မပြောပြနဲ့နော် "

"ဘာလို့လဲ"  လီမင် မေးလိုက်သည်။

"နင် မပြောသင့်တာကို ပြောလိုက်မှာ ငါ ကြောက်တယ်"  ဝူထုန်က "နောက်ပြီး နင် စီနီယာ လျိုယွမ်နဲ့ တွေ့တဲ့အခါကျရင် အရူးလိုပဲ "

"ငါ သူ့ကိုကြိုနေလို့လေ ဘာဖြစ်လဲ"  လီမင်က လျိုယွမ် ကို နှစ်အတော်ကြာ ကြိုက်ခဲ့သည်။ ဟုတ်တယ်၊ ဝူထုန် က သူမကို အမြဲစောင့်ကြည့်နေခဲ့တာပဲလေ။

"နင့်ကို ငါပြောပြခဲ့တာတွေကို စီနီယာ လျိုယွမ်ကိုပဲဖြစ်ဖြစ်  ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပြောရဲပြောကြည့် "

"ငါမပြောပါဘူး"

ဝူထုန် သူမနာရီကို ကြည့်လိုက်တော့ ဆယ့်တစ်နာရီ ထိုးခါနီးနေပြီ "အရမ်းနောက်ကျနေပြီ၊ ငါပစ္စည်းတွေ ဖြေရှင်းရဦးမယ်၊ နင် မြန်မြန်ပြန်တော့ ငါ အလုပ်များတော့မယ်"

"ကောင်းပါပြီဟယ် ၊ ငါ့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်၊ နင်တစ်ယောက်တည်း ဒီမှာ အလုပ်များနေတာ မဟုတ်ဘူး"  လီမင် စိတ်ဆိုးကာ တံခါးဆီ လျှောက်သွားပြီး ပြန်လှည့်ကြည့်ကာ "နင့်ယောကျ်ားကို ငါ့နဲ့တွေ့ပေးဖို့ ဘယ်တော့ခေါ်လာမှာလဲ"

"စနေ၊ တနင်္ဂနွေ"  လို့ဝူထုန် ပြောလိုက်သည်။

"အရမ်းဝေးတယ်၊ နင့်ဒီည ငါ့ကိုခေါ်သွားပြီး နင့်အိမ်မှာ ညစာစားရင်ကော"  စကားပြော ပြီးတဲ့အခါ ဝူထုန့်သဘောတူညီချက်ကို မစောင့်ဘဲ ဆုံးဖြတ်ချက်တစ်ချလိုက်ပြီး "ဒါဆို အတည်ယူလိုက်ပြီနော် "

ဝူထုန် တံခါးပိတ်ပြီး စကားမပြောဘဲ ထွက်သွားတဲ့ သူမအချစ်ဆုံး သူငယ်ချင်းကို ကြည့်လိုက်သည်။  ခနဲ့တဲ့တဲ့ ပြုံးပြီး ခေါင်းပဲခါနိုင်ခဲ့သည်။

ရှောင်ယွမ် ဆေးရုံတက်နေခဲ့တာကြောင့် သူမအလုပ်ကြွေးတွေပုံနေခဲ့ပြီး ဟန်းနီးမွန်းခရီးထွက်လိုက်သေးတာကြောင့် ​​လုပ်စရာတွေ အများကြီးရှိနေခဲ့ပြီး တရုတ်နိုင်ငံကို ပြန်ရောက်ပြီး နောက်တစ်နေ့မှာပဲ အလုပ်ပြန်သွားခဲ့ရသည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now