( အပိုင်း + ၆ )

123 4 0
                                    

Nus : အကုန် အဆင်ပြေပါတယ် ကလေးတွေလဲ ကျန်းမာပါရှင် နောက် တစ်နာရီလောက်နေရင် ကလေးအဖေရော ကလေးတွေရောကို ကြည့်လို့ရပါပြီ

ခန့် မှာ အပျော် လုံးဆို့ပြီး ဘာစကားပြောလို့ပြောရမှန်း မသိဖြစ်လို့နေကာ ထခုံနေချင်မိသည်

‌"nurseက တစ်နာရီလို့ မှာထားခဲ့ပေမဲ့ ကလေးတွေနဲ့ ရုဏ့်ကို တွေ့ချင်တာနဲ့ အခန်း ထဲကို ခိုးဝင်တော့ ‌လှည်းပေါ်အိပ်‌ေပျာ်က သားလေး နှစ်ယောက်ကိုမြင်တော့ ခန့်ကြည်နူး လို့ နေသည်။ ကုတင်ပေါ်က ဆေးချိတ်ရင်း ကွေးကွေး လေး အိပ်နေတဲ့ ကောင်လေး ပင်ပန်းသွားမှန်း ခန့်သိသည်"

"ကလေးတွေရှိတဲ့ လှည်းနား ကို ဖြေးဖြေးချင်းသွားခဲ့ပေမဲ့ ကလေးတွေကိုအာရုံရောက်ပြီး ရှေ့က ဆေးဘူးတွကို မမြင်ပဲ ဝင်တိုက် မိသွားတော့ ရုဏ် လန့် နိုး လာခဲ့သည်"

ရုဏ် : ဟင် daddy

ခန့် : ရုဏ် နိုးပြီလား

ရုဏ် : ဝင်လို့မရဘူးမဟုတ်ဘူးလား ရုဏ်လွမ်းနေတာ

ခန့် : ခိုးဝင်လာတာ

ရုဏ် : ဟင်အမြန်ထွက်တော့လေ ခဏနေ ဆေးဖြုတ်ဖို့ nurseတွေလာတော့မှာ သွားတော့သွားတော့

ခန့် : နှင်ထုတ်လိုက်တာ များနော်

ရုဏ် : ကဲ သွားပါ

ခန့် : ဒါ ဆို ကိုယ် စားဖို့ တခုခု သွားဝယ်ထားလိုက်မယ် နော် ကိုယ်မရှိတုန်း ဂရုစိုက်မယ် မလားဟင် သားလေးတွေကိုရော လေ

ရုဏ် : အမလေးဗျာ မွေးရတာ ကျုပ်ပါ

ခန့် : ‌ဒါကြောင့်စိတ်ပူတာပေါ့ဗျာ

ရုဏ် : ကဲပါသွားတော့

ခန့် : ဟုတ်ပါပြီ

"ခန့် ရုဏ့်နားသွားကာ နှဖူးကိုအနမ်း ချွေခဲ့ပြီး အခန်း ထဲက ထွက်သွားလေသည်"

__________________

ဆေးရုံက အထွက်

__________________

မြိုင် : ဟယ် ခန့်

ခန့် : အော် အန်တီမြိုင် တစ်ခုခုဖြစ်လို့လား ဆေးရုံ လာတာ

မြိုင် : မဖြစ်ပါဘူး ဟို.....

ခန့် : ဘာဖြစ်လို့လဲ အန်တီ ကူညီ ပေး ရမလား

(U & Z)➿💗အချစ်ဖွဲ့နှောင်ကြိုး💗➿(S 2)Where stories live. Discover now