" ဟော...ကြည့်စမ်း တကယ့်ကလေးကွယ် "

စိမ့်စမ်းညိုမှာနွေဦးမောင်စကားတွေကိုသဘောကျလျက်အသံအနဲငယ်ကျယ်ကျယ်နဲ့ရီမိသွားလေသည်။

" နွေဦးပြောတာမဟုတ်လို့လား လာရီနေသေးတယ် "

" ဟုတ်ပါတယ် ရှင်မှန်ပါတယ်တော် "

" နွေဦးကတော့နွေဦးချစ်တဲ့သူကိုပိုင်ဆိုင်ချင်တယ် နွေဦးလည်းအများကြီးချစ်ပေးမယ် နွေဦးကိုလည်းအများကြီးချစ်စေချင်တယ် နွေဦးရဲ့အချစ်ကအဲ့ဒီတစ်စုံတစ်ယောက်အတွက်သီးသန့်ဖြစ်ပေးမယ် သူ့ရဲ့အချစ်ကလည်းနွေဦးအတွက်သီးသန့်ပဲဖြစ်စေချင်တယ် "

" သမီးနဲ့အန်တီနဲ့ကွာတာအဲ့အရာတွေပါပဲ "

" လောဘကြီးတယ်ပဲပြောပြော သမီးကတော့သမီးချစ်တဲ့သူကိုတစ်ယောက်တည်းပိုင်ဆိုင်ချင်တယ် "

" တကယ်တော့ စစ်မှန်တဲ့ချစ်ခြင်းတွေမှာပိုင်ဆိုင်ရမှမဟုတ်ပါဘူး သမီးရဲ့ နီးမနေလည်းရတယ် ပိုမဝေးသွားဖို့ပဲအားစိုက်ရင်းသူလိုအပ်တာမှန်သမျှတိတ်တိတ်ကလေးဖြည့်ဆည်းရင်းနဲ့ပဲသူပျော်နေရင်ကိုယ်လည်းပျော်ရတယ် သူဝမ်းနည်းတာမြင်ရင်ကိုယ့်မှာပိုလို့တောင်ရင်နာရတယ် ဒါကချစ်ခြင်းအစစ်တွေပဲ သူသိသည်ဖြစ်စေ မသိသည်ဖြစ်စေသူ့ကိုဒီတိုင်းလေးပဲငေးကြည့်နေရရင်ကိုပျော်နေတာမျိုး "

နွေဦးမောင်မှာဆိတ်ငြိမ်စွာပဲစိမ့်စမ်းညိုကိုသာငေးနေခဲ့သည်။

" ဒီနေ့ရာသီဥတုသိပ်သာယာတယ်နော် "

စိမ့်စမ်းညိုကအပြင်ကိုတစ်ချက်ကြည့်ပြီးပြုံးရင်းနဲ့ပြောလေသည်။

" နေသာသာ မိုးရွာရွာ ကိုယ်ချစ်တဲ့သူကိုဆိုအမြဲသတိရလွမ်းဆွတ်တမ်းတနေတတ်တာလား အန်တီစိမ့်စမ်းညို "

" အွန်း အဲ့လိုဆိုပါတော့ "

ထိုအချိန်အခိုက်အတန့်စာအုပ်တွေလည်းမဖတ်ဖြစ်ဘူးထင်ပါရဲ့။နွေဦးမောင်မှာစာအုပ်တွေအစားစိမ့်စမ်းညိုမျက်နှာရိပ်မျက်နှာကဲကိုပဲလိုက်ဖတ်နေမိတယ်ထင်ပါရဲ့။

" ဒီပြီးရင်ဘယ်သွားချင်သေးလဲဟင် အန်တီစိမ့်စမ်းညို "

" သမီးဆိုင်ကိုပဲပြန်သွားရအောင်လား ကော်ဖီခါးခါးလေးသောက်ချင်လို့ "

Secret Love On AirWhere stories live. Discover now