မကြိုက်သင့်သောတီချယ်🫀 P-19

Start from the beginning
                                    

"ဘာကူပေးရဦးမလဲ"

"အမယ်လေး တော်ပါပြီ ဟိုတစ်ခါကလို့ထပ်ဖြစ်မှာဖြင့်..."


"ထပ်ဖြစ်ရင်ကောင်းတာပေါ့ ထပ်ဖြစ်ရင်တီချယ်ဂရုစိုက်တာခံရမှာ"


"အခုကရောဂရုမစိုက်နေလို့လား"

"မသိဘူးလေ"

"သိရမယ်"

"မသိဘူး"

"မင်းကအဲလို့လား"

"ဟုတ်တယ် သားကအဲလို့ဗျ"


"ကောင်းပြီလေ"


ငယ်သည်နွေးကိုသူပေါင်ပေါ်သို့ဆွဲတင်လိုက်ကာ နှင်းဆီရောင်နှုတ်ခမ်းလေးကိုအဆက်မပြတ်နမ်းနေတော့သည်။နွေးသည်လည်းလိုလိုလားလားနဲ့ပြန်နမ်းနေသည်။ချိုမြိန်နေတဲ့အနမ်းလေးကိုအချိန်အတော်ကြာအဆက်မပြတ်ပေးပြီနောက်နမ်းတာကိုရပ်လိုက်သည်။ နမ်းတာကိုရပ်လိုက်တော့ တစ်ယောက်မျက်မှာတစ်ယောက်ကြည့်ကာရယ်မိကြသည်။

"တီချယ်လူဆိုးကောင်"

‌'ဟုတ်တယ် တို့ကလူဆိုး မင်းလေးကိုဆိုးမယ့်လူဆိုးပေါ့"


"ဟာ..တီချယ်နော်"


"ချစ်စရာလေး မွမွ"


"တော်ပြီလေ ..... ကိုယ်ရေချိုးချင်လာပြီ"


"ဟုတ်ပါပြီ"


နွေးကိုပေါင်ပေါ်ကနေဆိုဖာပါ်ပြန်ပြောင်းထိုင်စေသည်။


"ချိုးတာတော့ဟုတ်ပါပြီကိုယ်ကချိုးပြီရင်ဘာ၀တ်ရမှာလဲ"


"စိတ်မပူနဲ့ တီချယ်အိမ်၂အိမ်ကျော်ကအ၀တ်ထည်ရောင်းတဲ့အိမ်...အခုသွား၀ယ်မယ် လာ"


"ဟုတ်ကဲ့"

အ၀တ်ဆိုင်ရောက်တော့ငယ်ကနွေးလိုချင်ယူခိုင်းပြီးနွေးကိုစောင့်နေပေးသည်။နွေးလည်း အမဲရောင်တီရှပ်နဲ့JJဘောင်းဘီကို၀ယ်လိုက်သည်။ထို့နောက် မဖြစ်မနေ၀ယ်ရမည့်အတွင်းခံတွေကိုလည်း၀ယ်ရသေးသည်။ ‌ငယ်ကတော့နွေး၀ယ်နေတာကိုပြုံးပြုံးလေးကြည့်နေသည်။နွေး၀ယ်သမျှလည်းရှင်းပေးမည်ပုံပေါ်တာကြောင့်နွေးသည်ဈေးသိပ်မများတာတွေဘဲယူသည်။‌ နွေးထင်သည့်အတိုင်းနွေး၀ယ်ပြီတော့ငယ်ကရှင်းပေးသည်။
လိုအပ်တာတွေ၀ယ်ပေးတော့နှစ်ယောက်သားလက်တွဲ၍အိမ်သို့ပြန်ခဲ့သည်။
အိမ်ပြန်ရောက်တော့နွေးကအရင်ရေချိုးပြီးငယ်ကတော့မီးဖိုချောင်မှာထမင်းဟင်းချက်ပြုတ်နေခဲ့သည်။နွေးရေချိုးပြီးဧည့်ခန်းဘက်ကိုထွက်လာတော့ငယ်မိဘတွေကိုတွေ့လိုက်ရသည်။


မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now