"အဲဒီကောင်လေး သူ့မိဘတွေနောက် တစ်ခါတည်းလိုက်သွားရမှာ!"

သူ့ဆရာက မကျေမနပ်ဆိုတော့ တပည့်ဖြစ်သည့် သူကလဲ ဘေးကနေထောက်ခံရသည်ပေါ့။

အဲလိုနဲ့ သိပ်မကြာခင်တော့ ဟန်ယူဂျင်း ဆိုတဲ့ကလေးတစ်ယောက် တစ်စုံတစ်ရာဖြစ်တော့မည်ပင်။

~~~~

ရုတ်တရက် အိမ်ပြန်လာပြီး မျက်နှာမကောင်းတဲ့သားကြောင့် မတ်ချူးစိုးရိမ်သွားရသည်။

ရောက်ရောက်ခြင်း သူတို့ကိုတောင်နုတ်မဆက်နိုင်ဘဲ အခန်းထဲပြေးဝင်သွားသည့် သားကြီးမှာ ဘာတွေများ ကြုံတွေ့ခဲ့ရလို့လဲမသိပါ..။

"ဂျီအွန်းဟျောင်း သားကဘာဖြစ်လာတာလဲမသိဘူး မျက်နှာလဲမကောင်းဘူး ကျွန်တော်စိတ်ပူတယ်"

"စိတ်ပူရင်သွားမေးလေ"

"ဘုတ်!"

ဘာပြောပြော စိတ်ဝင်စားဟန်မတူတဲ့ ဂျီအွန်းအား ကျောပြင်ကို လက်ဝါးစာကျွေးလိုက်ခြင်းဖြစ်သည်။

"တကယ်ပါဘဲ အဲဒါ ခင်ဗျားနဲ့ကျွန်တော် ရဲ့ သားနော်!"

"အေးပါကွာ ကိုယ်သိပါတယ်.."

တော်သေး၏။သိပေသေးလို့ပေါ့..
မတ်ချူး ဂျီအွန်းဟျောင်းအား စိတ်မရှည်တော့ဘဲ သူတစ်ယောက်သာ သားအားအကျိုးအကြောင်း မေးရန် လိုက်သွားလိုက်တော့သည်။

အခန်းနားနားကပ်ကြည့်တော့ ဘာသံမှမကြားရပေမယ့် တစ်ချက်တစ်ချက်ထွက်လာတဲ့ရှိုက်သံ။

"ဘုရားရေ! ဒီကလေး ငိုနေတာလား..."

အခုချိန် သူသွားမေးလဲ ဖြေမှာမဟုတ်တဲ့သားကြောင့် စိတ်ပူနေတာကိုချိုးနှိမ်၍ ပြန်လှည့်လာခဲ့တော့သည်။
ဝမ်းနည်းနေသည့်ကလေးကို အနေမခက်စေချင်။
သတိတရနှင့် ယူဂျင်းလေးကိုဖုန်းခေါ်တော့ စက်ပိတ်ထားသည်တဲ့..။
သူ့သား သံဃောဇဥ်ဘယ်လောက်ကြီးကြောင်းသိတာမို့ အမြန်ပြေလည်ကြရန်သာဆုတောင်းနေမိတော့သည်။
~~

ဂယူ့နားထဲတွင် စကားတစ်ခွန်းသာ ထပ်ခါထပ်ခါကြားယောင်နေသည်။

"ကျွန်တော့်ကို ဒီလောက်ဘဲရက်စက်ပါတော့.."

အကြောင်းအရင်းကိုမပြောပြ သူ့ထက်တခြားလူကိုပိုယုံကြည်နေခဲ့သည်မှာ အခုမှမဟုတ် ဟိုးအရင်ကတည်းက..
သူ ဘယ်ရင်နဲ့ ထပ်ပြီး နားလည်ပေးရပါအုံးမလဲ..။
သူကရက်စက်သည်တဲ့လား..

P O S S E S S I O N (Complete)Where stories live. Discover now