အချစ်ဖြင့် ခြယ်မှုန်းသော (bl)
part (5)
-----------------ကြောက်လန့်နေတဲ့ကောင်လေးကို အားပေးနှစ်သိပ်လိုစိတ်နဲ့ ဖက်ထားမိပေမယ့်
စိုထိုင်ထိုင်းဆံပင်ကရတဲ့ ရှန်ပူနံ့သင်းသင်းလေးနဲ့ ပါးလျလျခန္ဓာကိုယ်ရဲ့ နွေးထွေးပျော့ပျောင်းမှုက လွှတ်ပေးလိုက်ဖို့ မေ့လျော့စေတဲ့အထိ"ဟို..ရပြီထင်တယ်..ဦး"
ချစ်မြတ်နိုးရသူရဲ့ရင်ခွင်ထဲမှာ ရှိန်းမြမြအငွေ့သက်ကိုခံစားပြီး ဒိထက်ကြာကြာလေး နေချင်သေးပေမယ့်
ကြောက်တာကိုဗန်းပြပြီး အခွင့်ရေးယူတယ်လို့ ဦးဘက်ကတွေးနေမှာလည်း စိုးရိမ်မိတာကြောင့် လှိုင်း ပြောလိုက်တော့."အော်. အင်း"
ကောင်လေးပြောလိုက်မှ သတိဝင်လာရသည့် သိုက်မှာ ကိုယ့်အအဖြစ်ကိုယ် ရှက်မိပြီး
"ရရင်လည်း..အဝတ်မြန်မြန်သွားလဲလေ
အအေးမိမယ်"အောင့်သီးအောင့်သက်ပြန်ပြောလိုက်တာက အပြစ်တင်သံလိုလို
"ဟုတ်...ဦးလည်း စားတော့လေ"
ပြောပြီး ကောင်လေး ထမင်းစားခန်းထဲက ထွက်သွားမှ သိုက်လည်း ခုံမှာဝင်ထိုင်လိုက်ကာ တစ်ဇွန်းပြီးတစ်ဇွန်းခပ်စားလိုက်တဲ့ ထမင်းလုတ်တွေက သိသိသာသာ လစ်ဟာသွားသော ရင်ဘတ်ကြီးကိုတော့ ဖြည့်လို့ပြည့်နိုင်ပါ့မလားဆိုတာ
----------------------------
"ဦး.."
အသံတိုးတိုးလေးနဲ့ခေါ်ပြီး တခါးခေါက်သံခပ်ဖွဖွကြောင့် သိုက် တခါးဖွင့်ကြည့်လိုက်တော့ ခေါင်းအုံးလေးပိုက်ကာ ရို့ရို့လေးရပ်နေသော ကာင်လေးကိုတွေ့လိုက်ရတာကြောင့်
"ဘာ...ဖြစ်လို့လဲ."
"ဟို...လျှပ်စီးက အရမ်းလက်နေလို့"
ကိုယ့်အမေးကို မရဲတရဲပြန်ဖြေလာသော ကောင်လေးကို
"မအိပ်ရဲလို့လား"
ခေါင်းအုံးပိုက်လာတာကို မြင်လိုက်ရကတည်းက ရှင်းနေပြီးသားအဖြေကို ထပ်မေးလိုက်ပြီးမှ
"ဝင်ခဲ့လေ"
"ဟုတ်...ကျေးဇူးပါ"
ခွင့်ပြုလိုက်သည်နှင့် အခန်းထဲဝင်လာတာက အခန်းပိုင်ရှင်ဖြစ်တဲ့ သိုက်ကို တွန်းတိုက်မိမတတ်
ကြမ်းပြင်ပေါ် အိပ်ယာကပြာကယာခင်းကာ စိတ်ချလက်ချ လှဲအိပ်လိုက်တဲ့ကောင်လေးကို သိုက် အစအဆုံးလိုက်ကြည့်နေမိပြီးမှ
ကိုယ့်ကုတင်ပေါ် ပြန်တက်ကာ အိပ်ဖို့ပြင်လိုက်ပြန်တော့
YOU ARE READING
အချစ်ဖြင့် ခြယ်မှုန်းသော (bl) completed
Romanceကိုယ့်ကမ္ဘာထဲဝင်လာချင်ရင် ပန်းတစ်ပွင့်လို အလှပဆုံးဖူးပွင့်ပေးဖို့မလိုပါဘူး အသွင်အမျိုးမျိုးပြောင်းပြီး ကိုယ့်ကမ္ဘာထဲမှာအမြဲရှိနေပေးမယ့် မိုးရေစက်လေးဖြစ်ရင်ရပြီ ----------- ရာဇသိုက်