အပိုင်း ၄၇

Start from the beginning
                                    

ထိုအမျိုးသားရဲ့ အသက်ရှုသံကို ခံစားလိုက်ရသဖြင့် ဆုပ်ကိုင်ထားတဲ့ လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ကာ "လေယာဉ်ပေါ်မှာ တစ်ရက်လုံး မစောင့်နိုင်ခဲ့ဘူး" လို့ ပြောလိုက်သည်။

" ပင်ပန်းနေပြီ စောစောအိပ်ရအောင်"

"အတူတူသွားရအောင်"  ချင်ကောက တခဏချင်း ပျော်ရွှင်လာပြီး ဝူထုန်ရဲ့ အာမေဋိတ်သံကြားမှ သူမကို အိပ်ယာပေါ် သယ်ဆောင်သွားခဲ့သည်။

နောက်တစ်နေ့မနက်၌

ချင်ကောက Rubik's cube နဲ့ ကစားနေတဲ့ ဖေးဖေးရဲ့ နောက်ဘက်တွင် ရှိနေကာ ခြံထဲတွင် ဒိုက်ထိုးနေသည်။  သားအဖနှစ်ယောက်က သူတို့ဖာသာ သူတို့ လုပ်ချင်နေတာကို လုပ်ကြပြီး အရမ်းလိုက်ဖက်ညီပုံရသည်။

"မနက်စာစားကြမယ် လာခဲ့တော့ " ဝူထုန်က ဆန်ပြုတ်ကို ရိုးရိုးရှင်းရှင်း ပြုတ်ထားပြီး ခြံတံခါးဝတွင် မုန့်ပေါင်းနှင့် ဆားရည်စိမ်အနည်းငယ်ဝယ်ခဲ့သည်။  မနက်စာက အဆင်သင့်ဖြစ်နေပြီ။

ဝူထုန် စကားပြောပြီးခါနီးတွင် ဖေးဖေးက နာခံစွာဖြင့် ခုန်ဆင်းခဲ့သည်။  ချင်ကောက ချွေးတွေရွှဲနေကာ မတ်တပ်ထရပ်ပြီး ဖေးဖေးကိုဦးဆောင်ကာ အခန်းထဲ ခေါ်သွားခဲ့သည်။

ချွေးအလွန်ထွက်နေတဲ့ လူကိုမြင်လိုက်ရတော့ ဝူထုန် ရေချိုးခန်းထဲ သွားကာ ပုဝါတစ်ထည်ကိုယူပြီး ချွေးတွေ သုတ်ပေးရင်း ညည်းခဲ့သည်။  “ဘာလို့ ချွေးမသုတ်တာလဲ အအေးပတ်သွားလိမ့်မယ်”

ချင်ကောက ပြုံးပြီး "လူတိုင်းက မိန်းမယူတာ ကောင်းတယ်လို့ ထင်ကြတာ မဆန်းတော့ဘူး "

"ရှင့်ဘာသာ သုတ်တော့ "  ဝူထုန်က ထိုလူရဲ့ မျက်လုံးထဲက ပူလောင်မှုကို မခံနိုင်တော့ပေ။ အခုမှ မနက်အစောကြီးပဲ ရှိသေးတာကို။

"မလုပ်နိုင်ဘူး၊ မင်းပဲ သုတ်ပေး။ စကားမစပ် ကိုယ့်ရဲ့ ရင်ဘတ်ကြွက်သားတွေကို ထိလို့ရတာပေါ့ " ချင်ကောက ရှေ့ကိုကိုင်းကာ ပြုံးပြခဲ့သည်။

"ရှင်....." ဝူထုန်က ခေါင်းငုံ့ပြီး ဆန်ပြုတ်သောက်နေတဲ့ ဖေးဖေးကို ငုံ့ကြည့်ပြီး စိတ်ဆိုးစွာပြောလိုက်သည်။ "အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ ဖေးဖေးကို မကောင်းတာတွေ သင်ပေးမိမယ် သတိထားနေ "

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now