Story 20

1.9K 93 8
                                    

Unicode
.................

လေးညှို့ လက်ထဲကပန်းစည်းကြီးအားကိုင်ကာ သတိုးတာယာဆီသို့ ဦးတည်သွားလေသည်။

"ဟဲလို.... လက်ဆောင်"

"ကြောင်ပေါက်လေး (⁠✯⁠ᴗ⁠✯⁠)"

အဝါရောင် နှင်းဆီပန်းစည်းလေးကို ယူလိုက်ပြီး သတိုးသည် လေးညှို့အားပုခုံးကနေ သိုင်းဖက်လိုက်သည်။

"ဓာတ်ပုံရိုက်ရအောင် .... ကြောင်ပေါက်လေးဆီကနေ ရတဲ့ ပထမဆုံးလက်ဆောင်ကို မှတ်တမ်းတင်ထားမှပဲ... ဟားဟား"

"သတိုးနော်... ဘာကိုကြောင်ပေါက်လဲ။ မင်းငါ့ကိုဖဲ့နေတာတွေများပြီ"

ဆူပုတ်နေသောပုံလေးကို သတိုးကအမိအရဖမ်းပြီးရိုက်လိုက်လေသည်။

"အိုး... ကြည့်စမ်း။ ကြောင်ပေါက်စိတ်ကောက်နေတာကွ... အဟားဟား"

"ဘယ်မှာလဲ"

"ဒီမှာလေ.... မင်းနှုတ်ခမ်းကိုကြည့်လိုက်စမ်း။ ထော်နေတာပဲ"

"ပြန်ဖျက်... ပြန်ဖျက်လိုက် ခုချက်ချင်း"

" နိုးပါ... ကိုယ့်ရဲ့ကြောင်ပေါက်လေးက ချစ်ဖို့ကောင်းပါတယ်ကွ... ဟားဟား"

လေးညှို့က သတိုးလက်ထဲကဖုန်းကိုလိုက်လုနေတာကြောင့် အနီးနားရှိ သစ်ပင်ကိုပတ်ပြေးနေရလေသည်။ သူတို့ကို အဝေးမှကြည့်နေသော မဟာသည်လည်း သတိုးတာယာကို မနာလိုဖြစ်ရုံမှအပ မတတ်နိုင်ခဲ့ချေ။

အခုချိန်မှာ သူမပိုင်ဆိုင်ရသော ကောင်လေးက တခြားသောသူနှင့် ပျော်ရွှင်နေလေပြီမဟုတ်လား။ ယခင်က လေးညှို့အား အမြင်မကြည်ကာ ဥပေက္ခာပြုခဲ့တာ မိမိပေမို့ ခုချိန်မှာတော့ ထို‌လူသားလေးကိုသာ ပြန်လိုချင်နေမိသည်။

ညှို့သက်က မည်မျှပင် ဖြူစင်သူဖြစ်နေပါစေ.... မဟာ၏မသိစိတ်ထဲတွင် ‌အပြည့်အဝနေရာယူနေသူသည် လေးညှို့သခင်ဆိုသော ကောင်းလေးသည်သာဖြစ်သည်။ အနေဝေးရင် ပိုလွမ်းသည်ဆိုသည့်စကားအတိုင်း ဘုန်းမဟာသော်သည် လေးညှို့သခင်အပေါ် ချစ်မိနေလေပြီ။

လေးညှို့ဘက်သို့ ကြည့်နေသော မဟာက ညှို့သက်ကိုပင် ဂရုမစိုက်နိုင်။ ညှို့သက်သည်လည်း မဟာ့ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်မိတော့ လေးညှို့သခင်ကိုမြင်လိုက်ရသည်။

ညှို့မျက်ချစ်ခြင်း (ညှို့မျက်ချစ်ခြင်း) CompletedWhere stories live. Discover now