"ချစ်ရတဲ့ဝမ်ဖေး.. ဧကရာဇ်က တရားဝင်ဇနီးသုံးယောက်နဲ့ ကိုယ်လုပ်တော်လေးယောက် ထားဖို့ ကံကြမ္မာပါလာပြီးသား ဒါက ရှောင်လွှဲလို့ မရတဲ့ ဖြစ်ရပ်ပဲ။ ဝမ်ဖေးကသာ သူ့ရဲ့နှလုံးသားထဲမှာ ရှိနေသမျှ ကာလပတ်လုံး လုံလောက်ပါတယ်"

လုဝူရွှမ်းက အသက်ပြင်းပြင်း ရှုပြီးသည့်တိုင် အဘွားဖြစ်သူ၏ စကားလုံးများကို နားမဝင်သေးချေ။

ဒါပေမဲ့။ ငါ အဲဒီအနေအထားမျိုး ရောက်အောင် ဘယ်လိုလုပ်ရတော့မှာလဲ။ အခုက အရမ်း အလှမ်းကွာဝေးသွားပြီ မဟုတ်လား။

ဧကရာဇ်က သူမအပေါ် စိတ်ဝင်စားမှု ပျောက်သွားပြီ ဆိုသော ဖြစ်ရပ်ကို လက်သင့်မခံနိုင်သေးပေ။

အစပိုင်းတွင် သူမဟာ ဝမ်ဖေးယဲ့၏ လုပ်ဆောင်မှုများအားလုံးကို ခိုးယူနိုင်ခဲ့သည်။ ဒီတစ်ကြိမ်တွင်လည်း အောင်မြင်လောက်သည်။ ငါကပဲ ဧကရာဇ်ရဲ့နှလုံးသားကို ပိုင်ဆိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်ရမည်။

သခင်မကြီးလုက လုဝူရွှမ်းထံ လာလည်ခြင်းက ယဲ့ကျန်းကို အဖော်ပြုရုံသက်သက် မဟုတ်လေဘဲ လုဝူရွှမ်းကို ကူညီပြီး သူမ၏ လက်မထပ်ရသေးသော မြေးမများအတွက် ကောင်းမွန်ပြည့်စုံသည့် ခင်ပွန်းလောင်းများကို ရှာဖွေပေးစေလိုခြင်း ဖြစ်သည်။ သို့သော် လုဝူရွှမ်း၏အမူအရာကို ကြည့်ပြီးကတည်းက တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်တော့သည်။

"စကားမစပ် အဘွား.. တတိယညီမက လက်ထပ်ဖို့ ကမ်းလှမ်းလာတဲ့လူတွေနဲ့ ကြုံပြီးပြီလား"

လုဝူရွှမ်းက ဂရုမစိုက်သလိုဖြင့် ပြောသည်။

ဝမ်းကွဲဖြစ်သူ၏ အလှတရားကို မျက်မြင်တွေ့ကြုံပြီးကတည်းက ယဲ့ကျန်းကို အမြန်ဆုံး ဖယ်ရှားလိုစိတ်သာ ပြင်းထန်နေခဲ့သည်။

"မရှိသေးပါဘူး။ ဒါပေမဲ့ ယောင်ယောင်က ငယ်ရွယ်သေးပြီး အကယ်ဒမီကို ဝင်ရောက်ကာစဖြစ်နေတယ်။ ဒါကြောင့် အကယ်ဒမီက ဘွဲ့ရပြီး နှစ်နှစ်လောက်အထိ စောင့်ဆိုင်းလို့ ရပါသေးတယ်။ ဒါ့အပြင် ဖန်းအာနဲ့ ကျင်းအာတို့ကလည်း မိသားစုထဲမှာ လက်မထပ်ရသေးတဲ့ သမီးပျိုတွေ ဖြစ်နေသေးတော့ ယောင်ယောင့်ထက်အရင် လက်ဆက်ပေးရပါမယ်"

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now