Extra(uni+Zg)🖤

Magsimula sa umpisa
                                    

===============================

ကားလေးအားအရှိန်မှန်မှန်နှင့်မောင်းလာရာမှ တဖြည်းဖြည်းအရှိန်လျှော့ကာသတ်မှတ်ရာနေရတွင်ရပ်နားလိုက်ပြီး Jeonကအရင်ကားပေါ်မှဆင်းလာသည်။ ထို့နောက်Jiminအားတံခါးဖွင့်ပေးလိုက်ပြီး ကားနောက်ခန်းထဲမှ နှင်းဆီအဖြူပန်းစည်းနှစ်စည်းအားတစ်ယောက်တစ်စည်းကိုင်ကာ လျှောက်လာမိသည်က ဖြူနောက်နောက်အုတ်ဂူလေးအရှေ့......။ Jiminကသူ၏လက်ထဲမှနှင်းဆီဖြူပန်းစည်းလေးအား ထိုအုတ်ဂူပေါ်ရှိအမှိုက်သရိုက်များကိုရှင်းလင်းပြီးတင်လိုက်ကာ

"မတွေ့ရတာကြာပြီနော်...... အမမီယာ......ကျနော်လာတွေ့တာပါ.......နောက်ကျနေမှန်းသိပင်မယ့် ကျနော်လာတောင်းပန်တာပါ......အမမီယာ့အပေါ်မကောင်းကြံခဲ့မိတာတွေကိုတကယ်နောင်တရပါတယ် သံသယာစက်ဝန်းမှာပြန်ဆုံခဲ့ရင်ကျိန်းသေပေါက်ပြန်ပေးဆပ်မှာပါ......ကျနော့်ကိုခွင့်လွှတ်ပေးပါ......"

Jiminကပြောနေရင်းမှ အိကနဲငိုချတော့ JeonကJimin၏ကျောပြင်လေးအားပုတ်ပေးကာ

"မင်းဒယ်ဒီဆီ သွားနှင့်လေ.....ကိုယ်လိုက်ခဲ့မယ်"

Jiminကခေါင်းညိတ်ပြပြီး Jeonနှင့်ဆန့်ကျင်ဘက်သို့ထွက်သွားလေသည်။Jeonကထွက်သွားသောကျောပြင်လေးအားမျက်စိတဆုံးကြည့်ပြီးနောက်

"ကိုယ်လာတွေ့တယ် မီယာ.........လာတာနောက်ကျနေပေမယ့် မီယာ့ကိုတောင်းပန်ချင်တာကြာပါပြီ......အတ္တကြီးတယ်လို့ပဲပြောမလား တကိုယ်ကောင်းဆန်တယ်လို့ပဲပြောမလား..... ကိုယ့်ကလေးရဲ့အမှားတွေရှိပေမယ့် ခွင့်လွှတ်ပေးစေချင်တယ်.....တကယ်လို့ ဝဋ်ကြွေးပြန်ပေးဆပ်ရမယ်ဆိုရင်တောင် ကိုယ့်ကလေးရဲ့ဝဋ်ကြွေးကိုကိုယ်ဆပ်ပေးမှာမို့ မီယာက ကလေးလေးကိုခွင့်လွှတ်ပေးပါ.....အခုအဲ့ဒီနေရာမှ အေးအေးချမ်းချမ်းရှိနေတယ်မဟုတ်လား.........မီယာအေးချမ်းနေမယ်လို့ကိုယ်ယုံကြည်တယ်.......ဒါဆို ကိုယ်သွားပြီ နောက်မှထပ်လာတွေ့မယ်......."

Jeonသည်လည်း Jiminထွက်သွားသော နေရာသို့ထွက်လာလိုက်တော့ သူ၏လူဆိုးကောင်က ဖရိုဖရဲပြိုလုနီးပါးအုတ်ဂူအဟောင်းလေးရှေ့တွင် ဒူးထောက်ထိုင်နေကာ အုတ်ဂူ၏မျက်နှာပြင်အားလက်ဖြင့်သပ်နေသည်။ Jeonက ထိုအနားသို့လျှောက်သွားလိုက်တော့Jiminကလှည့်ကြည့်လာကာ

အမုန်းမှလွန်၍...... (Completed) Tahanan ng mga kuwento. Tumuklas ngayon