"ငါတို့ရဲ့မိသားစုက ပြီးဆုံးသွားပြီလို့ပြောပေမဲ့ ငါကသာ သူတို့ကို မကယ်တင်နိုင်ရင် ယဲ့မိသားစုက သခင်မလေးလို့ ကိုယ့်ကိုယ်ကိုယ် ပြောဖို့ ထိုက်တန်ပါတော့ မလား၊ ငါ့ဦးလေးက အပြစ်သားဆိုပေမဲ့ ငါ့ရဲ့အဖေ၊ အစ်ကို၊ မျိုးနွယ်စုက လူတွေကတော့ အပြစ်သားတွေ မဟုတ်ကြဘူးလေ"

ထိုစကားကို ကြားသောအခါ ဟုန်လင်းက အလျင်စလိုပြောလိုက်သည်။

"သခင်မလေး သခင်မလေးက ကလဲ့စားချေချင်တာပါလား"

"ကလဲ့စားချေတယ်လို့ ပြောဖို့က ဝေးပါသေးတယ်"

သူမက တည်ငြိမ်စွာပြန်ဖြေသည်။

"ငါတို့ သိုသိုသိပ်သိပ် နေရမယ်ဆိုတာကိုပဲ နင်မှတ်ထား၊ ငါ အပြည့်အဝ လက်ဆုပ်လက်ကိုင်မိတော့မှ ငါ့မိသားစုနဲ့ ထိုက်တန်တဲ့ အခြေအနေပြန်ရအောင် အခွင့်ကောင်းယူရမယ်"

ဟုန်လင်းကလည်း ချက်ချင်းဆိုသလို နားလည်သွားသည်။

"သခင်မလေး ဆေးဝါးအကယ်ဒမီကို ဘာလို့ ဝင်ဖို့ဆုံးဖြတ်ခဲ့တာပါလဲ"

ဟုန်လင်းက သံသယအပြည့်ဖြင့်မေးသည်။ ယဲ့ကျန်းသည် ယခင်က သေချာသင်ကြားခံရပြီး ပညာတတ်တစ်ယောက်ဖြစ်သော်လည်း ဆေးဝါးနယ်ပယ်အပေါ် စိတ်ဝင်စားမှု မပြသခဲ့ပေ။ ယဲ့ကျန်းက စားပွဲပေါ် လက်လေးကို ဖြည်းညင်းစွာ တတောက်တောက်ခေါက်နေပြီးနောက် ပြောလိုက်သည်။

"ငါ တော်ဝင်နန်းတော်ထဲကို ဝင်နေဖို့ဆန္ဒရှိတယ်"

ဟုန်လင်း၏မျက်လုံးက အပြူးသားဖြစ်သွားပြီး မယုံကြည်နိုင်စွာ အော်သည်။

"သခင်မလေး"

သခင်မလေး မော့ရုန်ကျန်းကို လက်လျှော့လိုက်သင့်ပြီ မဟုတ်ဘူးလား။

အစပိုင်းမှာ သခင်မလေးက ချင်တိုင်းပြည်ရဲ့ဧကရာဇ်အပေါ် လက်ထပ်ဖို့ အတင်းဆန္ဒ ရှိခဲ့ပေမဲ့ အဲဒီအမျိုးသားကတော့ သခင်မလေးကို ကြည့်တောင်ကြည့်ခဲ့တာ မဟုတ်ဘူးလေ၊ ဒါ့အပြင် အကျိုးဆက်အနေနဲ့ ဘာဖြစ်သွားရလဲ၊ သူမနဲ့ သူမရဲ့မိသားစုတစ်ခုလုံး ဘာဖြစ်သွားရတာလဲ၊ ဒါတောင်မှ သခင်မလေးက သူ့ကို သဘောကျနေတုန်းလား။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now