"သမီးက တစ်ယောက်တည်း သွားနိုင်ရဲ့လား"

"ဒါပေါ့ သွားနိုင်တာပေါ့ အမေရဲ့၊ သမီးက ကလေးမဟုတ်တော့ဘူးလေ၊ သိုက်မေ့ကိုခေါ်သွားမယ်"

ယဲ့ကျန်းက ထိုသို့ပြောလိုက်သည်။

ဖေးရှီက သမီးဖြစ်သူ၏ကြော့ရှင်းသော ဟန်ပန်အမူအရာကိုမြင်ချိန်တွင် ရင်ထဲခံစားချက်များ လှိုင်တက်လာသည်။

"ယောင်ယောင်က ဒီလောက်မြန်မြန်ကြီးထွားလာမယ်လို့ မထင်ထားဘူး"

လုရှန်းကျစ်ကလည်း ခေါင်းကိုခါပြီး သဘောတူဟန်ပြောသည်။

"ကျွန်တော်တော့ ယောင်ယောင့်ကိုကြည့်တဲ့အချိန်တိုင်း အရင်ကအတိုင်းပဲ မြင်တယ်၊ အမေ အမေ မမှတ်မိဘူးလား၊ ယောင်ယောင် ငယ်ငယ်တုန်းက ကျွန်တော့်ရဲ့နောက်ကိုလိုက်ပြီး မကြာခဏကစားနေကြလေ၊ ရလဒ်အနေနဲ့ နွားချီးပုံထဲကို ပြုတ်ကျသွားပါလေရော"

"လုရှန်းကျစ်"

ယဲ့ကျန်းက ထိုမနှစ်မြို့စရာမှတ်ဉာဏ်ကို သတိရသွားချိန်တွင် အသားကုန် အော်ဟစ်တော့သည်။

သူမက လုယောင်ယောင်၏မှတ်ဉာဏ်ထဲမှ ထိုအကြောင်းအရာကို မတူးဆွချင်ချေ။ ယခုအခါ လုရှန်းကျစ်က ထည့်ပြောလာချိန်တွင် သူမ၏စိတ်ထဲ ကွက်ကွက်ကွင်းကွင်း မြင်လာရတော့သည်။

သူမက လုရှန်းကျစ်၏အနောက်မှ ပြေးလိုက်ပြီးပြောသည်။

"အဲ့ဒီအကြောင်းအရာကို ထည့်မပြောနဲ့နော်၊ မဟုတ်ရင် အစ်ကိုကြီးကို အရှင်မထားဘူး"

ထိုသို့ခြိမ်းခြောက်ခံရသည့်အခါ စပ်ဖြဲဖြဲလုပ်နေသည့်လုရှန်းကျစ်က အော်ရယ်တော့ကာ ထွက်ပြေးသွားသည်။

"ယောင်ယောင်က ဒီအကြောင်းအရာကို ထည့်မပြောချင်ဘူးလား၊ ဒါပေမဲ့ နောက်ထပ်ကိစ္စတစ်ခုကိုလည်း မှတ်မိနေသေးတယ်၊ ဘယ်လိုလုပ်ကြမလဲ"

"ပါးစပ်ပိတ်"

ယဲ့ကျန်းက နံရံတွင်ချိတ်ထားသည့် ငွေရောင်ကြာပွတ်ကို ဆွဲထုတ်လိုက်သည်။

"အစ်ကိုကြီး အစ်ကိုကြီး အဲဒီစကားကို ထပ်ပြောမယ်ဆိုရင် ညီမ ဘာလုပ်မိမလဲဆိုတာ မသိဘူးနော်၊ အဲ့ဒီအခါကျမှ အပြစ်မတင်နဲ့"

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now