......
"Daddy ကျွန်တော် ယူဂျင်းနဲ့အတူသွားနေမယ်"
ဧည့်ခန်းထဲတွင် Daddyက ကုမ္မဏီမှအလုပ်တွေဖြင့်ရှုပ်နေခဲ့ခြင်းဖြစ်ပြီး ပါပါးကတော့ မီးဖိုခန်းတွင် ချက်ပြုတ်နေခဲ့သည်။
ထိုအချိန် ကိုကြီးက Daddyဆီခွင့်တောင်းနေခြင်းအား သူ တံခါးအကွယ်မှ ချောင်းနားထောင်နေခဲ့ခြင်းပင်။
'ကျေးဇူးပြုပြီး Daddyခွင့်မပြုပါစေနဲ့ ..'
"ယူဂျင်းကို အိမ်ခေါ်လိုက်"
Daddyက စကားတစ်ခွန်းသာပြောပြီး အလုပ်ဆက်လုပ်နေသည်။
Daddyစကားကို ကြားတော့ မင်ဟီးပေါက်စလေးမှာ အပျော်လေးတွေဖုံးဖိမထားနိုင်ခဲ့။
လက်သီးလေးစုတ်လို့ လေထဲဝှေ့ထိုးနေမိသည်။
ယူဂျင်းနှင့် သူ အိမ်တွင်အတူနေရတော့မည်။"ဒါပေမယ့် ကျွန်တော် မင်ဟီးနဲ့အတူမကြီးပြင်းနိုင်ဘူး Daddy"
မင်ဟီး၏စိတ်ကူးလေးမှာ ကိုကြီးစကားကြောင့် ပျက်စီးသွားရသည်။
တစ်ကြိမ်လဲမဟုတ် နှစ်ကြိမ်လဲမကတော့ ကိုကြီးကြောင့် သူ့စိတ်ကူးတွေက ပျက်စီးရစမြဲ။ထိုအချိန်က ကိုကြီးအပေါ် အမုန်းသေးသေးလေး အမြစ်တွယ်ခဲ့သည်ထင်၏။
ပစ်ပယ်မူနှင့်အသားကျစွာ နေတတ်ခဲ့ခြင်းမှာ ကိုကြီးကျေးဇူးကြောင့်လို့ ပြောလို့ရသည်ပင်။
"ကင်ခ်ဂယူ မင်း ဘယ်လိုပြောလိုက်တာလဲ မင်ဟီး ကမင်းညီလေ"
Daddyက အလုပ်ကိုပစ်၍ ကိုကြီးကို အလိုမကျစွာကြည့်သည်။
"ကျွန်တော် ညီတစ်ယောက်အဖြစ် မသတ်မှတ်နိုင်ဘူးDaddy အကယ်လို့ ညီတစ်ယောက်အဖြစ်အသိအမှတ်ပြုရမယ်ဆိုရင် ပါပါးကိုယ်တိုင်မွေးထားတဲ့လူဖြစ်မှဘဲရမယ်"
16နှစ်သားကိုကြီးက Daddyနဲ့ပင်အရပ်မတိမ်းမယိမ်းဖြစ်ရုံမက စကားပြောလျှင်လဲမာန်ပါသည်။
"မင်း ကို ဘယ်လိုစိတ်ချရမလဲ မင်းအသက်16နှစ် မတွေးတောတတ်ဘူးလား ဟိုကလေးက 12နှစ် ကလေးတွေဘဲအတူနေဖို့ ငါ့ကိုခွင့်ပြုစေချင်တာလား ဟမ် ကင်ခ်ဂယူ"
"ကျေးဇူးပြုပြီး ကျွန်တော့်ကိုယုံပေးပါ"
"ဟာသတွေပြောမနေဘဲ စာသွားလုပ်တော့"
YOU ARE READING
P O S S E S S I O N (Complete)
Fanfiction"ကိုယ် တို့ ကစားပွဲ တစ်ခုလောက် စမ်းကြည့်မလားကလေးလေး"
13(Part_2)
Start from the beginning