ကိုကြီးက ပြောဖူးသည်..
'မင်းကို ယူဂျင်းအနားမှာ မမြင်ချင်ဘူး'တဲ့

အစတည်းက အမြင်ကြည်ခြင်းမခံရတဲ့ မင်ဟီးဟာ ကိုကြီးစကားအား နာခံ၍ ယူဂျင်းနှင့် အတတ်နိုင်ဆုံးမတွေ့မိအောင်နေခဲ့သည်။

သို့ပေမယ့် သူ့ကံကြမ္မာက ကောင်းခြင်းလား ဆိုးခြင်းလားမပြောတတ်ပါ။
တစ်နေ့တွင် ယူဂျင်းဆီမှ အကူညီတောင်းစရာရှိ၍ ဟူသော စာတစ်ဆောင်နှင့်တကွ တွေ့ဆုံဖို့အကြောင်းဖန်လာခဲ့သည်။

ယူဂျင်း သူ့ကို အကူညီတောင်းခဲ့သည့်ကိစ္စမှာ..

ကိုကြီးအနားသို့ ရောက်လာသည့်လူတိုင်းကို တစ်ခုခု အထိနာအောင်လုပ်ခြင်းအား သူကဘေးမှကူညီပေးရမည်တဲ့...

ထိုအကြောင်းအရာကို ကြားလိုက်ရတဲ့အချိန် သူ့ကိုယ်သူပင်လှောင်ရယ်မိလိုက်သေးသည်။

တစ်ယောက်ကလဲ သူ့ကိုအသုံးချ၍ သူချစ်တဲ့လူနှင့်နီးစပ်ရန်ကြိုးစားခဲ့သည်။
အခုတော့ဖြင့် သူချစ်ရသူကပါ ဒီလိုတွေထိ...

ဟားးးးစဥ်းစားကြည့်ရင် အားလုံးကိုစိတ်နာဖို့လုံလောက်သည်။
ချစ်ရသူ စိတ်ချမ်းသာဖို့တစ်ခုတည်းကြည့်၍ အသက်အရွယ်နဲ့မလိုက်စွာ သူလုပ်ခဲ့သည့်အပြစ်တွေမှာ လက်ချိုးရေလို့မရနိုင်ခဲ့။

ထိုအချိန်ကသာ ဟန်ယူဂျင်း၏မျက်ရည်တွေအောက်မကျရှုံးခဲ့ရင်...
ချစ်ရသူအတွက် ပေးဆပ်ဖို့တစ်ခုတည်းကြည့်၍ ဦးနှောက်ကိုမြောင်းထဲပစ်မထည့်လိုက်ပါလျှင်..
သူလဲ အခုချိန် ကြောက်လန့်တဲ့စိတ် စိုးရိမ်စိတ်တွေနဲ့ ရူးနှမ်းနေရမှာမဟုတ်။

ဒီလောက်ထိ ရူးလောက်အောင်ချစ်မိသွားခဲ့မယ်လို့လဲမထင်ခဲ့။
သူပြောတဲ့စကားတွေ သဘောကျတဲ့အခါ ပြုံးရီလိုက်တဲ့ မျက်နှာလှလှလေး
အလိုမကျတဲ့အခါ ဆူထွက်နေတတ်တဲ့နှခမ်းဖူးဖူးလေးတစ်စုံ
ထိကိုင်ခွင့်မရခဲ့ပေမယ့် အမြင်နဲ့တင် နူးညံ့နေမယ့် ပါးဖောင်းဖောင်းလေး
ထပ်ပြီး သူ ရူးနှမ်းသည်အထိ ကျရှုံးခဲ့ရတဲ့ မျက်ရည်အီဝိုင်းနေတဲ့မျက်ဝန်းတစ်စုံ..

'မင်းမမှားပါဘူး ဟန်ယူဂျင်းရယ်...
မင်း တစ်စက်လေးမှ မမှားခဲ့ပါဘူး မှားယွင်းခဲ့တဲ့သူဟာ ငါပါ
မင်းရဲ့ဖြစ်တည်မှုတိုင်းကို ရူးသွပ်စွာချစ်ခဲ့တဲ့ငါမှားတာပါ..။

ဆယ်ကျော်သက်အချစ်က အလွန်အကြူးဖြစ်ရသည်။
ပထမဆုံးအချစ်မို့ ရူးရသည်။

'ကောင်းပြီလေ ရူးမှရူး အဆုံးထိ ရူးလိုက်တော့မယ် ယူဂျင်းငယ်'

'မင်းလဲနောင်တမရနဲ့ ကိုယ်နဲ့ပတ်သက်ပြီး မင်းသာနောင်တရှိခဲ့မယ်ဆို ကိုယ်သေသွားဖို့သာရှိတော့တယ် အချစ်ရယ်'

ထိုပုံပြင်လေး၏ အဆုံးသတ်တွင်ရော အသုံးချခံလူတစ်ယောက်အတွက် အသိအမှတ်ပြုမူဆိုတာရှိနေနိုင်မှာလား...။

........

TVရှေ့တွင် ခြေချိတ်ထိုင်နေသော 16နှစ်အရွယ်ရှိ လူငယ်လေး..
တစ်နည်းဆိုရသော် ကင်ခ်ဂယူဗင်း၏အင်တာဗျူးတစ်ခုအား မမှိန်မသုန် စိုက်ကြည့်နေပါသော ဟန်ယူဂျင်းဖြစ်ပေသည်။

"ကိုကို့ကို အပြစ်ပေးရတော့မှာဘဲ"

နှုတ်မှခပ်တိုးတိုးရေရွတ်လို့ ဖုန်းအားကောက်ကိုင်လိုက်သည်။

တစ်စုံတစ်ယောက်ကိုဖုန်းခေါ်ဆိုပြီး သိပ်မကြာခင် တစ်ဖက်မှ ဖုန်းကိုင်သည်။

"ဟယ်လို ယူဂျင်း"

"ကိုကို့ဘေးက အမျိုးသမီးအကြောင်းအားလုံးသိချင်တယ် မင်ဟီး"

ယူဂျင်း တောင်းဆိုနေခြင်းမဟုတ် အမိန့်ပေးနေခြင်း။
မင်ဟီးက သူဘာပြောပြောလုပ်ပေးမည်ဖြစ်သည်ကိုလဲ သိနေခြင်းကြောင့်ပင်။

ပြောပြီးချင်းဖုန်းချလိုက်ပြီး TVရှိရာသာ မျက်နှာမူထားလျက်

ထိုအမျိုးသမီး ကိုကို့လက်မောင်းအား လှမ်းချိတ်လိုက်ပုံ
မျက်နှာပေါ်သကြားလောင်းထားသလို ပြုံးကြည့်နေပုံ..

ထိုမြင်ကွင်းမျိူး မမြင်လိုပေမယ့် ယူဂျင်းဆက်ကြည့်နေဆဲ..

ခဏကြာတော့ မင်ဟီးက ထိုအမျိုးသမီးနှင့်ပတ်သက်တဲ့အကြောင်းအရာအား ဖုန်းမှတစ်ဆင့်ပေးပို့လာခဲ့သည်။

စိတ်မကောင်းစရာက
ထိုအမျိုးသမီး၏ပြစ်ဒဏ်မှာ ပေါ့လျော့စွာစီရင်ထားသော ဘယ်ကုမ္မဏီကမှ သူမကိုအလိုမရှိ နာမည်ပျက်စာရင်းတစ်ခုဖြစ်ပြီး..

ကိုကို့အတွက် ပြစ်ဒဏ်ကတော့ သူနှင့်Dating Newကို ကုမ္မဏီတွင် ခေါင်းမဖော်တမ်းဖြေရှင်းနေရခြင်း။

******************

Words_1083

ကာရိုက်တာ ပုံဖော်မိရဲ့လားဟင်..
နောက်တစ်ပိုင်း ည ထပ်Upပေးဖို့ ရှိကောင်းရှိနိုင်ပါသည်။





P O S S E S S I O N (Complete)Where stories live. Discover now