ယဲ့ကျန်းက မင်းသမီးလျှိုဟွားကဲ့သို့သောလူမျိုးကြောင့်သာ မဟုတ်လျှင် လူတိုင်းနှင့်အဆင်ပြေနိုင်လေသည်။

သဘောတကျ ဖြစ်သွားသော ဖေးရှီကလည်း ခေါင်းကိုခါသည်။

"မင်းကတော့လေ ဘယ်လိုအတတ်တွေတတ်လာသလဲမသိတော့ပါဘူး ကလေးထဲက ဆိုးနေတော့တာပဲ။ အခြားသူတွေက ဒီလိုအကျင့်ဆိုးတွေ ပါသွားမှာပဲစိုးရိမ်ရတယ်"

"အမေ သမီးစပြီး မကြိုးစားကြည့်ရသေးဘူးနော်"

"ကောင်းပြီ ကောင်းပြီ သမီးအဖေကိုပြောပေးမယ်။ သူက မငြင်းဘူးဆိုရင်တော့ အဆင်ပြေမှာပါ"

ဖေးရှီကလည်း ကူကယ်ရာမဲ့နေသည်။ ယဲ့ကျန်းက ဖေးရှီ၏လက်မောင်းကို ချစ်မြတ်နိုးစွာဖက်ပြီး ယမ်းခါကာပြောသည်။

"အမေက အကောင်းဆုံးပဲ"

ဖေးရှီက ယဲ့ကျန်းကို အဆောင်တော်သို့ ပြန်စေပြီးနောက် လုရှီမင်ထံသို့ သွားရောက်ကာ အကြောင်းကြားသည်။ လုရှီမင်က သဘောမတူချင်ပေ။ သူ၏သမီးဖြစ်သူက ရက်အနည်းငယ် အဝေးတွင်နေမည်ကို ခွင့်မပြုနိုင်ချေ။ သို့သော် နောက်ပိုင်းမှ နေ့စဉ်အသွားအပြန်ခရီးက ဒီနူးညံ့သောသမီးဖြစ်သူကို ဒုက္ခရောက်စေမည်ကို စိုးရိမ်ကာ လက်ခံလိုက်ရသည်။

ယဲ့ကျန်းကလည်း လုရှီမင်က သဘောတူကြောင်း သိသောအခါ သူမ၏စိတ်အခြေအနေက ပို၍ကောင်းမွန်သွားသည်။ သူမက သိုင့်မင့်ကိုပြောကာ ပစ္စည်းများကို ထုတ်ပိုးစေသည်။

ညနေခင်းတွင် လုဖန်းနှင့် လုကျင်းတို့က ပြန်လာကြသည့်အချိန်တွင် ယဲ့ကျန်းက သခင်မကြီးလု၏အနားတွင် လိပ်ပြာလေးကဲ့သို့ ဝဲပျံကာ ရှုပ်ယှက်ခတ်နေကြောင်း မြင်လိုက်ရသည်။ ထိုအခါ သူတို့၏မျက်နှာအမူအရာများက ပျက်ယွင်းသွားတော့သည်။

လုဖန်းက ပြုံးကာ အရှေ့သို့တက်သွားပြိးနောက်ပြောသည်။

"ယောင်ယောင် ဂုဏ်ယူပါတယ်။ ယောင်ယောင်က အေလေးလုံးရမယ်လို့ မထင်ထားဘူး။ နောက်ဆုံးတော့ မေးမေးက စာလုံးရေထောင်ကျော်ပဲ လေ့လာထားတာ မဟုတ်ဘူးပဲ"

ယဲ့ကျန်းကလည်း သူမ၏စကားထဲမှ စိတ်အချဉ်ပေါက်မှုကို ခံစားမိသော်လည်း ပြုံးရုံသာပြုံးလျက် တည်ငြိမ်စွာပြောလိုက်သည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now