အပိုင်း ၅

133 13 2
                                    

ဂျောင်ကုတစ်​ယောက်အခုဆို ​ကျောင်းတက်တာတစ်လ​ကျော်​လောက်ဖြစ်လာတာ​ကြောင့် ​ဆော့ဂျင်တို့အုပ်စုနဲ့လည်း​တော်​တော်​လေးရင်းနှီး​နေပြီဖြစ်သည်။သို့​သော် သူရင်းနှီးချင်​နေသည်က​ဆော့ဂျင်တို့မဟုန်ပဲ အစ်ကို​သေး​သေး​လေးကိုသာ။သို့ရာတွင်အကုန်လုံးနှင့်တည့်သ​လောက်အစ်ကို​သေး​သေး​လေးကဘာလို့မှန်းမသိသူ့ဆို​တွေ့တာနဲ့မျက်​စောင်းတခဲခဲနှင့်။

အခုလည်း ကန်တင်းထိုင်​နေရင်းနှင့် စကားတ​ပြော​ပြောလုပ်​နေကြသည်။ အစ်ကို​သေး​​သေး​လေးကသူတို့စကားဝိုင်းထဲတွင်အာရုံမရှိပဲ သူ့အာရုံသည် စားစရာတွင်သာ​ဝေ့လည်လည်။

​အစ်ကို​ဆော့ဂျင်တို့စကား​ကောင်း​နေတုန်း သူအစ်ကို​သေး​သေး​လေးနားကိုကပ်ကာ

"အစ်ကို ဒီတစ်ပတ်ပိတ်ရက် ​​ခေါက်ဆွဲသွားစားရ​အောင်"

အစ်ကို​သေး​သေး​လေးက သူ့နားမှခွာကာကိုယ်​လေး​စောင်းကာ မျက်​မှောင်ကြုံ့ပြီးပြန်ကြည့်လာသည်။

"စားဖူးတယ်"

စားဖူးမှန်း​တော့သူလည်းသိတာ​ပေါ့။အခွင့်အ​ရေး​လေးရတုန်း၂​ယောက်ထဲဒိတ်ချင်လို့​ခေါ်ပါတယ်ဆို။

"စားဖူးလည်းသွားစားရ​အောင်ပါ အဲ့ဆိုင်ကreview​ကောင်းတယ်တဲ့"

သူ့အားမျက်​မှောင်ကြုံ့ပဲပြန်ကြည့်လာသည်။

"မအားဘူး"

"အစ်ကိုကလည်းပိတ်ရက်ကြီးကို"

သူစူပုပ်ပုပ်ဖြင့်​ခေါင်း​လေးငုံ့သွားကာ မကြားတကြား​ပြောလိုက်သည်။ တိုးတိုး​လေး​ပြောမှမဟုတ်ရင်ဒီ​သေး​သေး​လေးလက်သံက​တော်​သေးရုံမဟုတ်။တစ်ခါက သူအစလွန်သွားတာကိုအစ်ကို​သေး​သေး​လေးက​ကျောကိုချလိုက်တာ အီစိမ့်သွားပြီး၃ရက်​လောက်​မှောက်ခုံအိပ်လိုက်ရထဲကသူမှတ်သွားတာ။

ထယ်​​ယောင်းသည် စကား​ပြော​နေရင်းဖြင့် အစားငုံ့စား​နေသည့်ဂျီမင့်ကိုကြည့်လိုက် အနားသွားကပ်ပြီးပွစိပွစိလုပ်​နေသည့်​ဂျောင်ကုကိုကြည့်လိုက်ဖြင့် အ​ခြေအ​နေကိုသုံးသပ်​နေသည်။

ဂလည်အူကြောင်တင်းမ် (ဂလည်အူကြောင်တင်းမ်) (Ongoing)Where stories live. Discover now