အပိုင်း ၄၃

Start from the beginning
                                    

"မဟုတ်ဘူး...ကျွန်မက အဲ့လိုမဟုတ်ဘူး၊ ကျွန်မရဲ့အသားအရေအတွက် အိပ်ချိန်ပိုလိုလို့ " လို့ ဝူထုန် ငြင်းခဲ့သည်။

"မင်းရဲ့အသားအရေက အရမ်းကောင်းနေပြီ။ ဒါကို ဆင်ခြေအနေနဲ့ မသုံးနဲ့"

ချင်ကောက ရည်ရွယ်ချက်ရှိရှိပြောခဲ့တာ မဟုတ်တာကို သူမ သိပေမယ့် ချီးကျူးခံလိုက်ရတဲ့ ဝူထုန်တစ်ယောက်ကတော့ အရမ်းပျော်နေသေးသည်။ အဲ့ဒါကို တွေးပြီးတဲ့ နောက် သူမ ချင်ကောကို စောစောက ပြောခဲ့တဲ့ စကားနောက်ကို လိုက်ဖို့ မစီစဉ်တော့ပေ။

"စကားမစပ် ကျွန်မတို့ ဟိုရောက်ရင် ဖေးဖေးကို ဖုန်းဆက်ဖို့ မမေ့နဲ့ဦးနော်"  ဝူထုန် သတိပေးလိုက်သည်။

"မလိုပါဘူး၊ သူက စကားမပြောဘူး။ ပြီးတော့ တစ်ချိန်လုံး ခေါင်းငုံ့ပြီး ဉာဏ်စမ်းရုပ်ဆက်တွေနဲ့ ကစားနေတာ "ချင်ကော က "ဒါ့အပြင်၊ ရက်အနည်းငယ်ကြာရင် ကိုယ်တို့ပြန်ကြမှာပဲဟာ"

"ဖေးဖေးက စကားမပြောပေမယ့် ကျွန်မတို့က သူ့ကို ပိုပြီးစကားပြောလေလေ သူက ကျွန်မတို့အပေါ် ပွင့်ပွင့်လင်းလင်းပြောလာလေပဲ။ ရှင် သူ့ကို ဖုန်းမခေါ်ရင် ရှင်က သူ့ကိုမလိုချင်ဘူးလို့ သူထင်သွားလိမ့်မယ်" ဝူထုန် ပြောလိုက်သည်။

"ဟင့်အင်း "ချင်ကော ခေါင်းခါပြီး ငြင်းခဲ့သည်။ " တခြားကလေးတွေအကြောင်းတော့ကိုယ် မသိဘူး။ ကိုယ့်ရဲ့ ဖေးဖေးက အရမ်းထက်မြက်တဲ့သူမို့ သူ့မှာ ဒီလို တုံးအတဲ့ အကြံမျိုး ရှိမှာမဟုတ်ဘူး"

"ရှင့်ရဲ့ တွေးခေါ်ပုံက ပုံမှန်လို့ထင်လား။ ဒါမှမဟုတ် ကျွန်မရဲ့အတွေးကပဲ ပုံမှန်မဟုတ်တာလား" ဝူထုန်က မေးလိုက်သည်။

"ဒါပေါ့ မင်း မဟုတ်ဘူး "  ချင်ကောက "ဒါပေမယ့် ဖေးဖေးက ကိုယ့်လိုပဲ နေမကောင်းဘူး"

"........." ဝူထုန် ဒေါသအရမ်းထွက်ပြီး စကားမပြောချင်တော့ဘူး။  မျှော်လင့်ထားသည့်အတိုင်း သူမ ချင်ကော လိုလူနဲ့ စကားမပြောနိုင်ခဲ့ပေ။

ဒါပေမယ့် ပေါင်းသင်းဆက်ဆံသည့်ကာလတွင် ဝူထုန်က ချင်ကော ကြောင့် ဒေါသဖြစ်ခြင်း၏ တစ်စိတ်တစ်ပိုင်းသေနေသော စိတ်ကို အမြန်ပြင်ဆင်နိုင်ခဲ့သည်။  ဟိုတယ် ရောက်တဲ့အခါ နှစ်ယောက်သား ရိုးရိုးရှင်းရှင်း ညစာစားခဲ့ကြသည်။ နောက်ဆုံးတွင် ချင်ကောက ဝူထုန့် တောင်းဆိုချက်အရ ဖေးဖေးကို ခဏဖုန်းခေါ်ခဲ့ပြီး ဖေးဖေးက အချိန်ပြည့် ခေါင်းငုံ့ကာ ဉာဏ်စမ်းရုပ်ဆက်ဆော့ရင်း ပြီးဆုံးသွားခဲ့သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now