"ဘာလို့ အခုချိန်မှ ကျွန်တော့်အပေါ်ကောင်းပေးနေရတာလဲ Daddy အရင်တုန်းကလို ကျွန်တော်နဲ့ပတ်သက်ရင် မသက်ဆိုင်သလိုနေပေးလိုက်ပါ့လား ကျွန်တော့်ကိစ္စတွေ ဝင်မပါပါနဲ့ ကျွန်တော်အားလုံးကိုစဥ်းစားတတ်တယ် ကိုယ်တိုင်လဲဆုံးဖြတ်နိုင်တယ် အိမ်ကိုပြန်ခေါ်တာ ဒါပြောဖို့ဆိုရင်ပြန်လိုက်ပါအုံးမယ် ပါပါးကိုလဲ ကျွန်တော်လာသွားတယ်လို့ ပြောပြလိုက်ပါ"

အိမ်ရောက်ပြီး Daddyနှင့်စကားပြောပြီးနောက် ချက်ချင်းပြန်လာခြင်းဖြစ်တာကြောင့်  သူ့အကြိုက်ဟင်းချက်ပေးရန်စျေးဝယ်ထွက်နေသည့် ပါပါးကိုမတွေ့လိုက်ရ။မင်ဟီးကတော့ တက္ကသိုလ်အဆောင်တွင်နေသောကြောင့်အိမ်တွင်မရှိ။

ဂယူ့ဘဝတွင် ဒီအရာကိုဆိုးတယ်လို့ လက်ခံထားပြီး အချိန်တွေကြာသွားခါမှ ကောင်းတဲ့အရာဆိုတာ သိလိုက်ရတဲ့အချိန်အမုန်းဆုံး
ဖြစ်သည်။
လုံးဝလက်မခံနိုင် အချိန်တွေဟာ10နှစ်မက သူခံစားလာခဲ့ရခြင်းမှာ ခဏလေးမဟုတ်ခဲ့ အားလုံးပြီးဆုံးသွားမှ "ငါလဲမင်းအပေါ်ကောင်းခဲ့ပါတယ်"ဆိုတာ ဘယ်လိုလက်ခံပေးရမည်လဲ..။
သူ့အပေါ်တရားရဲ့လား..

သူဘယ်လောက်ထိ အထီးကျန်ဆန်ခဲ့ရလဲ ဘယ်လောက်ထိ တစ်ယောက်တည်းရပ်တည်နိုင်ဖို့ကြိုးစားခဲ့ရလဲ .
ဘယ်လောက်ထိ ဒီမိသားစုနဲ့ ဝေးဖို့ ဆုတောင်းခဲ့ရလဲ..
အခုချိန်မှ ကောင်းပေးခဲ့တဲ့အရာတွေ လာပြောပြတော့ ခံစားခဲ့ရတဲ့ သူကအရူးလို..

~~~~~~~
"ကိုကို မိန်းကလေးတွေကို သဘောကျတာလား"

ယူဂျင်းက သူ့ကိုမေးလာခြင်းဖြစ်သည်။
သူ့ရှေ့တွင် 10နှစ်အရွယ်ကလေးမှ 16နှစ်လူပျိုပေါက်အရွယ်လေးအထိ ကြီးပြင်းလာခဲ့သည့်ကောင်လေးမှာ ထိုမေးခွန်း ထုတ်မေးလာတော့ နည်းနည်း​တော့ရယ်ဖို့ကောင်းနေ၏။

ခရီးလမ်းကြမ်းတမ်းတာကြောင့် တစ်ယောက်တည်းမလျောက်စေချင်တဲ့ Daddyပြောသည့်စကား...

ဘယ်အရာဖြစ်ဖြစ် နှစ်ယောက်အတူတူဆိုရင် အဆုံးစွန်ထိသွားပစ်နိုင်ပေမယ့်
ဒီယုန်ပေါက်လေးကို ကြမ်းတမ်းတဲ့သူ့ဘဝထဲဆွဲမခေါ်ရက်..
ဘယ်အချိန် ဘယ်အခြေအနေဖြစ်ဖြစ် သူက ယူဂျင်း၏အားကိုးရာ အုပ်ထိန်းသူပင်။
ယူဂျင်းကလဲ သူ့အပေါ် ထိုသို့သာ သဘောထားလိမ့်မည်လား...
အင်း...ဟိုးအရင်ကတည်းက  ထိုသို့သာသဘောထားခြင်းဖြစ်နိုင်ပါသည်။

"ကိုယ့်ဘဝမှာ ယူဂျင်းဘဲရှိနေခဲ့တာ ဟိုးအရင်ကရော အခုရော..အဲဒါကြောင့် ကိုယ့်မှာအဲလိုမျိုးတွေတွေးဖို့အချိန်မရှိခဲ့ဘူး"

လိုချင်သည့်အဖြေမဟုတ်လို့ထင်ရဲ့ ရှေ့မှကောင်လေးမှာ မျက်မှောင်လေးတွန့်လို့နေသည်။

ဘယ်လိုများ ဖိတ်ခေါ်ရက်မှာတဲ့လဲ..
သူကလွဲလျှင် အားကိုးရာဟူ၍ မရှိ မိသားစုဟူ၍မရှိတော့သည့်ကလေးအား ကြမ်းတမ်းတဲ့လမ်းကို ကိုယ်နဲ့အတူလျှောက်ပါလို့ ဘယ်လိုဆွဲခေါ်ရက်မှာလဲ..။

အသက်အားဖြင့်လဲ အရမ်းငယ်သေးတယ်လေ။
Daddyပြောတာမှန်ပါတယ် ဒါပေမယ့်လေ ကျွန်တော့်တစ်ယောက်တည်း ရူးနှမ်းစွာဘဲ ဒီခရီးကိုဆက်လျှောက်ပါ့မယ်။

"ကိုကိုက မိန်းကလေးတွေဘဲသဘောကျတယ်ဆိုတာသိပါတယ်.."

ဆိုင်တွင် ဟိုအမျိုးသမီးနှင့်တွေ့လိုက်ခြင်းအား စကားနာထိုး၍ ပြောလာခြင်းဖြစ်မည်။
ထိုကိစ္စကို ကလေးကသိပ်ကျေနပ်သေးပုံမပေါ်။
လူကြားထဲ ခယစွာ သူမမှားဘဲတောင်းပန်နေခဲ့တာတောင်လေ..

"ကိုယ်ပြောပြီးသားလေ သူမနှင့် ကိုယ်က မပြီးသေးတဲ့အလုပ်ကိစ္စလေးတွေ ပြောကြရုံဘဲ ထပ်ပြီးတွေ့စရာအကြောင်းလဲမရှိတော့ဘူးလေ"

ကားအက်စီးဒန့်ကြောင့် ကိုမာဝင်သွားပြီး ဆေးရုံရောက်နေတဲ့သူမကို ထပ်တွေ့ဖို့အကြောင်းမရှိတော့ပါဘူးကလေးရယ်..။

"နောက်တစ်ခါ ကိုကို ကောင်မလေးထားမယ်ဆို ယူဂျင်းကိုအရင်ပြောပြရမယ်"

ရှေ့မှယုန်ပေါက်လေးက  လက်သန်းလေးပေး၍ ကတိတောင်းနေသေးသည်။

"ကိုယ် ကောင်မလေးမထားပါဘူးကွာ"

ထိုစကားကိုသာ သူပြောနိုင်၏။သစ္စာစကားလဲဖြစ်ကြောင်း ကိုယ်ထုတ်မပြောလဲ ယူဂျင်းသိပါစေ။

****************

Words_1060
ရှေ့အပိုင်းက အဆက်မို့တိုသွားတယ်..
သင်တန်းတက်နေတာကြောင့် သင်တန်းကလဲတစ်နေကုန်ဖြစ်နေတာကြောင့် Updateမှန်ဖို့မသေချာ
ကိုယ်အခုတောင် ညောင်းကိုက်နေတဲ့ကြားက ရေးလိုက်တာရယ် ကလေးတွေအကြာကြီးစောင့်ရမှာစိုးတာကြောင့်🥺
ဖတ်ရအဆင်မပြေတာတွေရှိရင် ထောက်ပြပေးပါအုံးရှင်💗


P O S S E S S I O N (Complete)Where stories live. Discover now