"------------"

"ကျွန်တော်လာဖို့စိတ်ကူးမရှိဘူး!!"

သိုလ်ဖုန်းကို စက်ပိတ်ချပစ်လိုက်သည်။

"တောက်!!!"

သိုလ် ဒေါသတွေရောဝမ်းနည်းစိတ်တွေကပါ ဆောင့်တက်လာခဲ့သည်။
အကြောင်းက မနက်ဖြန် Dadနဲ့မာမီရဲ့ နှစ်ပတ်လည်နေ့ပင်...။
အကိုက လာစေချင်ပေမဲ့
သိုလ်က ပြန်ချင်စိတ်မရှိ။
နှစ်တိုင်းသူသွားဖြစ်ပေမဲ့ ဒီနှစ်တော့မသွားချင်။
အကြောင်းက ဟိုမိန်းမ စောက်ခွက်ကိုမမြင်ချင်လို့။
အတွေးတွေက ဒေါသတွေဖြစ်နေပေမဲ့ တဖြည်းဖြည်းပြောင်းလဲသွားသည်က
အားငယ်မှုတွေ ဝမ်းနည်းမှုတွေဆီသိုသာ...။
ကြာပါပြီ....။
Dadနဲ့မာမီ သူ့ဘဝထဲကထွက်သွားတာ ၆နှစ်တာကာလအထိ တော်တော်ကြာနေပါပြီ။
သိုလ်ကုတင်ပေါ်မှာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်ကာ
လက်ကsmart clock screenမှာပေါ်နေတဲ့Dadနဲ့မာမီပုံကိုကြည့်ကာ မျက်ရည်ကကျလာပြန်ပြီ။

"မာမီသိလား...
မာမီ့သားကြီးကလေ ကျွန်တော့်စကားကိုမဟုတ်ပဲ သူ့မိန်းမစကားကိုပဲယုံနေတာ...သူဘာလို့အဲ့လောက်မိန်းမရှားနေရတာလဲ ကျွန်တော်စဉ်းစားလို့မရဘူး....
အဲ့မိန်းမအနားကျွန်တော်ဆက်နေရင် ကျွန်တော်သူ့လင်ငယ်ဖြစ်ရင်ဖြစ် မဖြစ်ရင် လူသတ်မှုဖြစ်သွားလိမ့်မယ် မာမီ...
Dad ...
Dadသာရှိနေသေးရင်ကျွန်တော်အရမ်းဆိုးတယ်လို့ ပြောမှာလား...
မဟုတ်ဘူးနော် Dad...
Dadသိတယ်မှတ်လား... Dadရဲ့သား၂ယောက်ထဲမှာ ဓီရာဇ်သိုလ် ဆိုတဲ့ကျွန်တော်က ပိုလိမ္မာတယ်လို့ Dadကိုယ်တိုင်ပြောခဲ့တာပဲလေ!!"

သိုလ် Dadနဲ့မာမီ့ပုံကိုကြည့်ကာ စကားတွေကိုအရူးတစ်ယောက်လိုပြောနေမိသည်။
ထို့နောက် ဖုန်းကိုစက်ပြန်ဖွင့်မိတော့
အကို သူ့ကိုဖုန်းခေါ်ထားတဲ့messageတွေဝင်ထားသေးသည်။

"Hello မိုရ်!!Hotelလာခဲ့...
ငါတစ်ယောက်ထဲဆေးသုံးရမှာပျင်းလို့!!"

သိုလ် ထိုမျှသာပြောပြီး
လက်က ဘေးက စားပွဲ ဆီက ဆေးရှုတဲ့ပိုက်ပါတဲ့ဘူးဆီကိုလှမ်းသွားလိုက်သည်။
ဒီမနက်တော့ သူ မမဆီသွားဖြစ်မည်မထင်တော့။

■လောကကြီးမှာ အရာရာ ပြီးပြည့်စုံတယ်ဆိုတာမရှိခဲ့ဘူးဆိုတာ အားလုံးထက် သူပိုသိခဲ့သည်မဟုတ်လား!!

မိုးရေစက်တွေမေးသောပဟေဠိ(Completed)(Unicode) Donde viven las historias. Descúbrelo ahora