Final _1

657 65 0
                                    

    ထယ်ရယ်တို့ အမေတို့ဆီကပြန်လာပြီးပြီးချင်း ဟာအိုကဒေါက်တာ့ကိုတွေ့လို့ရမလားဆို၍ထယ်ရယ်တစ်ယောက် ရစ်ခီနဲ့အတူ ချိန်းထားတဲ့ဆိုင်ကိုရောက်နေသည်။ လေးယောက်သား နှစ်ယောက်တစ်တွဲဆီမျက်နှာချင်းဆိုင် ထိုင်နေပေမဲ့ တစ်ယောက်မှစကား စမပြောဖြစ်ကြသေး၍ dinner ကတိတ်ဆိတ်နေသည်။ တိတ်ဆိတ်နေတဲ့ကြား တစ်ယောက်မှသက်တောင့်သက်သာမဖြစ်တာတော့အမှန်ပင်။

   "ကျေးဇူးတင်ပါတယ် ဒေါက်တာ"

ဟာအိုကပဲစကားစလိုက်တဲ့အခါ သူ့ရှေ့က ဒေါက်တာက မျက်လုံးလေးပြူးကာကြည့်ရင်း ....

   "ဗျာ ... ဘာကို?? "

   " သွေးလှူပေးခဲ့လို့ရော အားလုံးအတွက်ပါ ..နောက်ပြီး ကျွန်တော့်ကြောင့် ..ဒေါက်တာတို့ကြား အထင်လွဲစရာတွေဖြစ်သွားခဲ့တာလည်းတောင်းပန်ပါတယ်နော် .."

   "အာ.... ၊မဟုတ်တာ ဟာအိုကတောင်းပန်စရာမလိုပါဘူး .ကျွန်တော်ကသာရှေ့နောက်မကြည့်ပဲ အထင်လွဲမိခဲ့တာ နောက်ပြီးသွေးလှူပေးတာကလည်း. အဲနေရာမှ ဟာအိုမှမဟုတ်ပါဘူး တခြားလူဆိုလည်းလှူပေးမိမှာပါပဲ ..."

ထယ်ရယ် လက်လေးကာခါကာခါအလန့်တကြားပြောတော့ ဟာအိုက ရယ်ရင်း...

   "ဒေါက်တာက ချစ်စရာလေးပဲ အဲဒါကြောင့်  ရှန်ချွမ်ရွေ့တစ်ယောက် ဒေါက်တာပျောက်သွားတုန်းက အရူးမီးဝိုင်းသလိုဖြစ်သွားတာ မဆန်းပါဘူးလေ ... "

   "ဟျောင်း!!!!!! " "အာ...."

ရစ်ခီကထအော်သလို ထယ်ရယ်ကလည်း ရှက်ရှက်နဲ့လည်ပင်းသာပွတ်နေမိတော့သည်။ ရစ်ခီက...

   "ဟျောင်း ဘယ်တော့လောက်ပြန်ဖြစ်မှာလဲ..."

   "အွန်း.... အလုပ်လေးလက်စသတ်ပြီးရင် နောက်အပတ်ထဲလောက် ပြန်ဖြစ်မယ်ထင်တယ် "

  "ကျွန်တော်တော့ ဟာအို့ကို အေးအေးဆေးဆေးတစ်ပတ်လောက်နားစေချင်သေးတယ် ... ဆေးရုံကဆင်းထားတာမကြာသေးလို့လေ.."

ထယ်ရယ်ကဝင်ပြောသည်။ ဟန်ဘင်းကလည်း ဟာအို့ရှေ့ကပန်းကန်ထဲ ငါးအသားတွေနွှင်ထည့်ပေးရင်း ...

   "ကိုယ်လည်း အဲဒါပြောတာ ဟာအိုလေးရဲ့... ဒေါက်တာတောင်ပြောနေပြီ... မြင်လား... နည်းနည်းနားပြီးမှ ပြန်ရအောင်ပါဆို ..."

Your Dimple Makes My Heart Smile [COMPLETED ]Where stories live. Discover now