0 - 1

863 71 2
                                    


          တိတ်ဆိတ်နေတဲ့ dinner က အပ်ကျသံမကြားရလောက်အောင် တိတ်လွန်းနေသည်။ စားပွဲတစ်ဖက်တစ်ချက်ဆီက လူတွေဟာလည်း အသံမထွက်အောင် ကိုယ့်ထမင်းကိုယ်စားလျက်။ ငြိမ်နေတာကိုမကြိုက်တဲ့ ရစ်ခီကပဲ...

         "အကျဉ်းချုံးပြီးပဲ လက်ထပ်ပွဲလုပ်မယ် ဘယ်မီဒီယာ ဘယ်သူ့မှမသိစေချင်ဘူး"

တိတ်ဆိတ်နေတဲ့ကြားကဂျစ်ကန်ကန်အသံလေးအရင်ထွက်လာတော့ ရှန်မားမားအသံကနောက်ကလိုက်လာသည်။

     "ရှန်ချွမ်ရွေ့! ဘယ်လိုပြောလိုက်တာလဲ။  သားထယ်ရော မင်းရော အတွက် တသက်မှာ တစ်မဂ်လာလေ။ အကျဉ်းချုံးလုပ်လို့ဘယ်ဖြစ်မလဲ မရဘူး "

   "ချစ်လို့လက်ထပ်တာမှမဟုတ်တာ ဘွားဘွားတို့ရဲ့ကတိတွေကြောင့်လက်ထပ်တာပဲ ဘာတွေအကျယ်ချဲ့နေမှာလည်း အလကား။ စိတ်ရှုပ်ဖို့ကောင်းအောင် "

    "ရှန် ချွမ် ရွေ့! "

ဒီတစ်ခါ အော်လိုက်တာက ရှန်ပါပါးး။
  ရှန်မာမားနဲ့ ရှန်ချွမ်ရွေ့ကြား ရှန်ပါပါး ပါ ပါလာပြီးလေထုပါတင်းမာလာတာမို့ ထယ်ရယ်စားနေရင်းတန်းလန်းမျိုမကျတော့ပဲကြားဝင်ရတော့သည်။ တော်သေးတာပေါ့ ဒီနေ့ဒီနေရာမှာ ဒယ်ဒီနဲ့မာမီတို့ မလာနိုင်လို့...ဒီစကားတွေကို မာမီတို့ကို ပေးမကြားစေချင်။

     "ဟို!    အန်ကယ်လ်နဲ့ တီတီ  ကျွန်တော်လည်း  ဖြစ်နိုင်ရင်အကျဉ်းချုံးပဲလုပ်ချင်ပါတယ်။ လူတွေ အာရုံစိုက်ခံရတာတွေ ကျွန်တော်လည်းသိပ်သဘောမကျလို့ပါ ကျွန်တော့ဘက်က အဆင်ပြေပါတယ်။ "

    "အို  ဖြစ်ပါ့မလား သားရယ် သားမာမီတို့ကို မျက်နှာဘယ်လိုပြရမှန်းတောင်မသိတော့ဘူး"

  "  ရပါတယ်ခင်ဗျ  ကျွန်တော်ပြောလိုက် .... "

    "ဒါပြောဖို့မလား။ ကိစ္စပြီးရင် ပြန်ပြီ ချိန်းထာတာရှိလို့။ "

    "ဟဲ့  ဟဲ့။ ရှန်ရှန်။  ဪ  ဒီကလေးကတော့ "

အပြောနဲ့အလုပ်ညီစွာ ထယ်ရယ့်စကားတောင်မဆုံးသေး ထပြန်သွားသော ကောင်လေးကြောင့် ထယ်ရယ်လည်း သက်ပြင်းချရုံမှတစ်ပါး။

Your Dimple Makes My Heart Smile [COMPLETED ]Where stories live. Discover now