II

999 114 15
                                    

Uni

အင်္ဂါမှာကွယ် အကြင်နာတွေရယ်က
စိမ်းကားခြားနားသွားလို့ ရူးရပြီတစ်ကယ်။

သူ့ကမ္ဘာကြီးပျက်သလိုခံစားချက်ကြီးကိုခံစားနေရ
တာ ကိုကိုဂျွန့်ကိုမခေါ်တော့တည်းကဆိုပါတော့။
တစ်ညလုံးအိပ်ပျက်ရပါတယ်ကိုကိုရယ်။ ညအိပ်
ခါနီးပေးနေကျ fly kiss လေးမရလို့လာမသိပါဘူး
နိုးထလာမိတဲ့ဒီတစ်မနက်လုံးအဆင်ပြေမနေဘူး။

မနက်‌တိုင်း ဂွတ်မောနင်းဆိုပြီး နှိုးနေကျကိုကို့အသံ
လေးမကြာရတော့ချိန်များဆို အကုန်ကမောက်ကမ
ဖြစ်ကာ အိပ်ရာထတောင်နောက်ကျသွားလို့ မနက်စာ
တောင်မစားလာလိုက်ရသည့်အဖြစ်။

ကိုကိုလာမခေါ်၍ သူကိုကု့အိမ်ကိုသွားမိပါတယ်။
သော့ခတ်ထားသောအိမ်တံခါးနဲ့တိုးပြန်တယ်။
စိတ်ညစ်ညစ်နဲ့ ဘူတာရုံကိုသာထွက်လာရသည်။
ဒီနေ့တော့တစ်ယောက်တည်းစိတ်မပါလက်မပါနဲ့
စတူရီယိုလာခဲ့ရသည်။

ဂျွန့်ကို ကိုတစ်ကယ်ကိုစိတ်ဆိုးသွားပုံရသည်။
သူပြောချင်တာအဲ့သဘောမဟုတ်ပေမယ့်လည်း
ကိုကိုကနားလည်မှုလွဲသွားပုံရသည်။

ဂျွန်ကိုကို့ကိုလက်မထပ်ချင်တာမဟုတ်။
ဂျွန်ကိုကို့ကိုသိပ်ချစ်သည်။ ဂျွန်သည်နမော်နမဲ့
နိုင်လွန်း၍ လက်ထပ်ပြီးကာမှဒီအကျင့်တွေကြောင့်
ကိုကိုသူ့ကိုပစ်သွားခဲ့ရင် ဘယ့်နှယ့်လုပ်မတုန်း။
မေမေကပြောသည် ဂျွန်ဟာဆိုးတယ်။ ဂျွန်ဟာပေါ့
ပျက်ပျက်နဲ့ နမော်နမဲ့နိုင်လို့ ဘယ်အရာမှကိုအလေး
မထားလို့ ဘဲပစ်ခံရမှာလို့ပြောတယ်လေ။

အဲ့ဒါကြောင့် ဂျောင်ဂုဂီကလေးက ဒီအကျင့်တွေပြင်
တော့မလို့ ရင့်ကျက်တဲ့သူတစ်ယောက်လိုနေဖို့ အချိန်
လေးသုံးနှစ်တောင်းမိတာ မှားလား။ ဂျွန်မှားလားလို့။
အဲ့ဒါလေးကိုအကြီးအကျယ်စိတ်ဆိုးသွားတဲ့ ကိုကို့ကို
ဂျွန်နားမလည်နိုင်တော့ပေ။

ဒီလိုနဲ့ တစ်နေ့တာကုန်ဆုံးလို့အိမ်ပြန်ချိန်ရောက်
တော့လည်း ကိုကိုလာကြိုနေကျအချိန်တွေကိုတမ်း
တကာမျှော်ချင်ပေမယ့်လည်း မလာမှာသိသူကို
မျှော်မနေဘဲပြန်လာခဲ့ရသည်။

Will You Marry Me? [ Vkook ]©✓Nơi câu chuyện tồn tại. Hãy khám phá bây giờ