မကြိုက်သင့်သောတီချယ်🫀 P-16

Start from the beginning
                                    

"တီချယ်ကိုမြင်တိုင်း မျက်တောင်ခတ်ဖို့မေ့အောင်အထိကြည့်မိတယ် တီချယ်ရဲ့အပြုံးတွေကိုမြင်တိုင်း ရင်ထဲမှာလိပ်ပြာတွေပျံနေသလို့ပဲဖြစ်နေတယ် တီချယ်ကိုနမ်းရတိုင်း ထပ်နမ်းချင်လာတယ် တီချယ်ကိုကြိုက်တယ် တီချယ်ကိုသဘောကျတယ် တီချယ်ကိုချစ်တယ် ကိုယ်ကတီချယ်ကိုဘဲနှာဘူးထတာပါ"


"ကျွန်မကို နှာဘူးထတာကျတော့ 'တယ်'တွေဘဲအဆုံးသတ်သွားတာပဲနော်"


"တီချယ်နဲ့ပက်သတ်လာရင် အမုန်းစကားနဲ့ဆိုင်တာတွေကိုဘဲ'ဘူး'နဲ့အဆုံးသတ်မယ့်မိန်းကလေးပါ"


"အဲလို့အပြောကြွယ်တယ့်မိန်းကလေးကိုပိုင်ဆိုင်ရတာ သိပ်ကံကောင်းတာပဲရှင်~"


"တီချယ်ကကံကောင်းတာထက်ကံထူးသွားတာရုံပါ"

"ဟုတ်ပါပြီ အချစ်အကြောင်းတွေတော်တော့ ‌ဆရာမကြီးကို မင်းအကပြိုင်ပွဲမပါဘူးဆိုတဲ့အကြောင်းကိုဘယ်လို့ဆင်ခြင်ပေးသင့်လည်းကူစဉ်းစားပေးဦး"


"ဘာလို့လဲ  ဒီတိုင်းမပါဘူးပြောလို့မရဘူးလား"


"ဟင့်အင်း မရဘူး ဆရာမကြီးက မင်းကိုအရမ်းပါ၀င်စေချင်တာ မင်းသာပါရင် အခြားကလေးတွေလည်းပါလောက်မယ်အထင်ကလေးငယ်ကိုခေါ်ခိုင်းခဲ့တာ ကလေးငယ်က ပါလို့မဖြစ်ဘူးဆိုတာပြောလည်း ဆရာမကြီးက အတင်းတွန်းအားပေးပြီပါခိုင်းမှာ
ဆရာမကြီး အတင်းကျပ်မလုပ်အောင် ဆင်‌ခြင်ပေးမှာဖြစ်မယ်"


"အော်..အဲလို့ကိုး အကယ်၍တီချယ်ကို ကိုယ်ကိုပါ၀င်အောင်မဆွဲဆောင်နိုင်ဘူးလားလို့ ပြောလာခဲ့ရင် ကိုယ်ကိုပြောပါ ကိုယ်ဆရာမကြီးရှင်းပြပေးမယ်"


"ကလေးငယ်က ကျွန်မကိုကာကွယ်ပေးမယ့်သူရဲကောင်းလေးလား"

"ဒါပေါ့ တီချယ်တစ်‌ယောက်ဘဲကိုကာကွယ်ပေးမယ့်သူရဲကောင်း"

"သူရဲကောင်းလေးက ဘယ်လို့ဆင်ခြင်ပေးသင့်လဲဆိုတာ ကူစဉ်းစားပေးပါဦးရှင့်"


"လွယ်ပါတယ် မေတ္တာနွေးကအပင်ပန်းမခံနိုင်ကြောင်းနဲ့ အခုတလောအလုပ်တွေအရမ်းရှုပ်နေ‌တာလို့ပြောလိုက်ပြီဆင်‌ခြင်ပေးပါလိုက်ပါဗျ"


မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now