"Hanna တော်သင့်ပြီ"

Jiminnie ရဲ့စကားကို သူမက ရယ်ကာ

"Min Yoongi တို့များ အနေအေးသလောက် ယောက်ျားတွေကိုတော့ ဆွဲဆောင်တတ်သားပဲ "

ခနဲ့တဲ့တဲ့ပြောလာတဲ့ သူမရဲ့စကားအဆုံးမှာ ဝိုင်းပြီးရယ်လာကြတဲ့ ကျောင်းသားတွေ လက်ကိုလာဆွဲတဲ့ သူမကြောင့် ကြည့်လိုက်တော့ သူမက မဲ့ပြုံးတစ်ခုကို ပြုံးလိုက်သည်...။

"လာလိုက်ခဲ့... Seokjin Oppa ဆီသွားပြီး မေးကြည့်တာပေါ့... နင်နဲ့ငါ့နဲ့ ဘယ်သူကိုရွေးမှာလဲလို့ ~ငါလား နင့်လို့ ပိုင်းလုံးကောင်လားလို့~"

ဟင့်အင်း မဖြစ်ဘူး...။ ကျွန်တော်ဘယ်လောက်ပဲ အပြောခံရခံရ Jin Hyung ဆီသွားလို့မဖြစ်ဘူး...။ သူက သူက ဒီကိစ္စတွေကို ကျောင်းကလူတွေမသိစေနဲ့လို့ပြောထားတာ...။

သူမဆွဲထားတဲ့လက်ကို ပြန်ရုန်းလိုက်မိသည်...။

"ဘာလဲ ~ဒါမှမဟုတ် Seokjin Oppa က လိင်တူကြိုက်တဲ့လူလား ~ဟုတ်လား ~ဟုတ်လို့ နင့်ရဲ့မြူစွယ်မှုတွေမှာ သာယာသွားတာလား~နင်တို့နှစ်ယောက် ဘယ်နှခါ အိပ်ပြီးသွားပြီလဲ"

သူမစကားအဆုံးတွင် ကျွန်တော်ကိုတောင် ကျွန်တော်သတိမထားမိဘဲ သူမကို ဆောင့်တွန်းထုတ်လိုက်မိသည်...။ အားလုံးရဲ့ အသံတွေက အုံကြွလျက်...။ သူမက ဘာမို့လို့ သူမက ဘာမို့လို့ Jin Hyung ကို ပြောရက်ရတာလဲ...။

"Min Yoongi ! "

လှမ်းအော်ရင်း ပြေးလာတဲ့ Jin Hyung က လဲကျနေတဲ့ သူမကိုထူရင်း ကျွန်တော့်ကို မျက်မှောင်ကြုပ်ကာကြည့်လာသည်...။

"ဒါဘာလုပ်တာလဲ~"

Jin Hyung အသံတွေမှာ အလိုမကျမှုတွေနဲ့...။

"Seokjin Hyung ~ဒါက ~"

"မင်းဝင်မပြောနဲ့ TaeHyung ~Yoongi ဘာလို့တွန်းလိုက်တာလဲ"

Tae ရဲ့စကားကိုဟန့်တားက မေးလာတဲ့ Jin Hyung ...။

"တောင်းပန်လိုက် Yoongi ~"

Jin Hyung ရဲ့ စကားကို အံသြတကြီးမော့ကြည့်မိသည်...။ Jin  Hyung ရဲ့ မျက်ဝန်းတွေကတော့ တည်ငြိမ်စွာနဲ့...။

"မင်းယောက်ျားလေးဖြစ်ပြီး မိန်းကလေးတစ်ယောက်ကို ဒီလိုလုပ်ရလား ~တောင်းပန်လိုက် ပျော့တိပျော့ဖတ်လုပ်မနေနဲ့ ~"

Without You (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ