"သားကဘယ်လိုကူညီရမှာလဲအမေ"
"သားလုပ်ခဲ့တာလို့ဝင်ခံလိုက်၊သားကအကို့ကိုဆေးခတ်ပြီးအသရေပျက်တာလို့ဝင်ခံလိုက်ရင်ရပြီ"
နောက်တော့Lucasတို့ထမင်းဝိုင်းမှာပြောခဲ့တဲ့စကားတွေကိုကြားလိုက်ရသည်၊သတင်းထောက်တွေမှာကိုယ့်နားကိုပင်မယုံနိုင်ကြပေ၊သားအကြီးအတွက်သားငယ်ကိုတံထွေးခွက်ထဲပက်လက်မြောအောင် လုပ်ကြတဲ့အမေကတကယ်ပင်ရှိသည်လား၊တော်တော်ရက်စက်တဲ့အမေပဲ

သူတို့ပင်မဟုတ်Liveကြည့်နေတဲ့ပရိတ်သတ်တွေပင်ဒီလိုဘက်လိုက်ပြီးဆိုးဝါးလွန်းတဲ့အမေကိုကြည့်ပြီးဒေါသများထွက်လာကြသည်
Mrs.Johnမှာတစ်ကိုယ်လုံးတုန်ရီနေပြီးLucasကိုတုန်လှုပ်နေတဲ့မျက်လုံးများနှင့်ကြည့်ကာ
"နင်..နင်..ကျေးဇူးမသိတတ်တဲ့သားမိုက်"

Zawgyi

Lucasအခန်းပြန်ရောက်တော့အရင်မူလကိုယ်ရဲ့အကြောင်းတွေပြန်လည်စဉ်းစားနေသည်၊မူလပိုင်ရှင်ဟာငယ်ငယ်ကသူ့အဖေကသူ့ကိုချစ်မြတ်နိုးခဲ့သည်နောက်တော့သူ့အမေနဲ့သူ့အကိုကြောင့်သူ့အဖေနဲ့တဖြည်းဖြည်းဝေးကွာသွားသည်၊
ဇာတ်လိုက်မဟာမွေးကတည်းကသူ့အဖေနဲ့သူ့အမေရဲ့ချစ်ခြင်းကိုသူတစ်ယောက်တည်းရချင်သည်၊ပတ်ဝန်းကျင်နှင့်လူတိုင်းရဲ့ချစ်ခြင်းကိုလည်းသူတစ်ယောက်တည်းပိုင်ဆိုင်ချင်သည်၊ဘယ်ကမ္ဘာမှာဖြစ်ဖြစ်ဇာတ်လိုက်တွေကကမ္ဘာကြီးကသူတို့ကိုဗဟိုပြုပြီးလည်ပတ်တယ်လို့ထင်နေကြတဲ့အရူးတွေပင်၊ဂရုစိုက်မှုနဲ့ချစ်ခြင်းကိုလည်းသူတို့ပဲပိုင်ဆိုင်ချင်တဲ့အရူးတွေဆိုတာLucasနားလည်သည်

ဒါပေမဲ့Lucasရဲ့အမေကသူ၁၂နှစ်သားအရွယ်မှာကတည်းကသူ့ကိုကြည့်တဲ့အကြည့်တွေဟာပြောင်းလဲလာသည်၊Lucasအဖွားဆီတစ်ခေါက်သွားတုန်းကသူ့အဖွားကမျက်ရည်တွေနဲ့သူရဲ့မျက်နှာကိုကိုင်ပြီး သား
ဆိုပြီးခေါ်ဖူးတယ်၊အဲ့အချိန်ကတည်းကLucasအမေဟာသူ့ကိုအဖွားဆီဘယ်တော့မှခေါ်မသွားတော့ပေ၊အဖွားဆုံးသွားသည့်အချိန်ထိပင်

အရာအားလုံးကိုဆက်စပ်တွေးပြီးနောက်Lucasအဖြေတစ်ခုရလာသည်၊အရာအားလုံးရဲ့အဖြေကLucasရဲ့မျက်နှာပင်
[Hidden missionဖွင့်ပါပြီ၊ဒီခန္ဓာကိုယ်နဲ့Mrs.Johnကြားကလျို့ဝှက်ချက်ကိုရှာဖွေပါpoint 25]
[နည်းလွန်းတယ်]
[နည်းလည်းရှာရမှာပါhost]
[ပျင်းစရာကောင်းလိုက်တာ]
[hostသတင်းစာရှင်းလင်းပွဲမှာအားလုံးဖော်ထုတ်လို့ရတယ်လေhost]
|[ဒါမှနည်းနည်းရင်ခုန်ဖို့ကောင်းတာ]
'သူများကိုယုတ်မာဖို့ဆိုရင်တော်တော်ကိုတက်ကြွလွန်းတဲ့host'
Lucasလည်းကွန်ပျူတာပေါ်လက်တွေပြေးလွှားပြီးနောက်နောက်ဆုံးLucasပြုံးလိုက်သည်

System WhiteWhere stories live. Discover now