လူကြီးကိုအရမ်းလွမ်းတာပဲ၊ကိစ္စတွေမပြီးခင်အထိတော့မတွေ့တာအကောင်းဆုံးပင်၊မနက်ဖြန်ဆိုအားလုံးပြီးသွားပြီ၊အဲ့အချိန်ထိပါပဲ၊ကိုယ့်ကိုယ်ကိုဖြေသိမ့်လိုက်သည်
Mrs.Johnမှာတက်ကြွနေသည်၊ဇာတ်လိုက်မကလည်းတက်ကြွပျော်ရွှင်နေကြသည်၊သူတို့ကအဝတ်စားတွေကိုသေချာရွေးနေကြပြီသိပ်မပေါ်လွင်ပေမဲ့စျေးကြီးမယ့်အဝတ်အစားတွေကိုသေချာရွေးနေကြသည်၊
Lucasကတော့ဘယ်သူ့ကိုမှဂရုစိုက်မနေတော့ဘဲသူ့နဲ့လိုက်မယ့်အင်္ကျီသာဝတ်လိုက်တော့သည်၊အားလုံးပြင်ဆင်ပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်မယ့်Royal hotelကိုသွားကြသည်၊သွားတဲ့လမ်းတစ်လျှောက်လုံးမှာMrs.Johnမှာဘာတွေဘယ်လိုပြောရမလဲဆိုတာသေချာပြောပြနေတယ်

၊Lucasမှာသူ့အမေပြောတာကိုသေချာအာရုံစိုက်နားထောင်တယ်ထင်ရပေမဲ့စိတ်ထဲမှာတော့systemနဲ့စကားပြောနေသည်
[မင်းရဲ့သနားစရာhostလေးကိုကယ်ပါအုန်း]
Whiteကတော့ဂရုမစိုက်ပေ၊သူ့ရဲ့hostရဲ့ပန်းနုသွေးမှုကိုလည်းသည်းမခံနိုင်တော့ပေ
[အော်..]
[မင်းတကယ်ဒီလိုရက်စက်တဲ့ဘွားတော်ကြီးဆီမှာhostကိုပစ်ထားရက်တယ်ပေါ့]
[Hostကျွန်တော့်ကိုရုပ်ကြီးကြီးနဲ့မနွဲ့ပြပါနဲ့ရှိကြီးခိုးပါတယ်]
[မင်းခုတော့ငါဘယ်လိုခံစားရလဲနားလည်ပြီ‌ေပါ့ကမ္ဘာတိုင်းပန်းနုသွေးတွေနဲ့ပဲတွေ့နေတာငါဘယ်လိုခံစားနေရလဲဆိုတာသိပြီလား]
[hostပြဇာတ်တွေသိပ်ခင်းမနေနဲ့hotelရောက်နေပြီ]
[Oki]

Lucasတို့ကားပေါ်ကဆင်းတော့သတင်းထောက်တွေအများကြီးကတိုးဝှေ့လာကြပြီးကင်မရာတွေနဲ့တဖြတ်ဖြတ်မှတ်တမ်းတင်နေကြသည်၊Mr.Johnဌားလာတဲ့bodyguardတွေကြောင့်ဒီအခြေနေမှာသိပ်မခက်ခဲသွားပေ၊Lucasကတော့Pedroဌားပေးထားတဲ့betaသက်တော်စောင့်ကြောင့်အေးအေးဆေးဆေးပင်၊
Mr.Johnရဲ့betaအတွင်းရေးမှူးကလည်း
"အင်တာဗျူးကိုဟောခန်းထဲမှာစီစဥ်ထားပါတယ်၊အဲ့နေရာပျရင်ကိုယ့်စိတ်ကြိုက်မေးလို့ရပါတယ်၊သတင်းထောက်တွေအတွက်နေရာစီစဥ်ထားပါတယ် "
ဟောခန်းထဲမှာသတင်ထောက်တွေကတစ်ယောက်တစ်ပေါက်မေးခွန်းတွေမေးနေကြပေမဲ့မေးခံရတဲ့Noahကတော့ကြောက်လန့်တကြားLucasကိုကြည့်နေတယ်၊မသိရင်Lucasကအတင်းဖိအားပေးထားသလိုပင်
Lucasကသူ့ရှေ့ကမိုက်ကိုယူပြီး
"ခနလောက်အားလုံးငြိမ်ပေးလို့ရမလားအားလုံးရဲ့အချိန်တွေကိုနည်းနည်းယူရတာအားနာပေမဲ့ခင်ဗျားတို့ကိုစိတ်မပျက်စေမဲ့အရာတွေကိုပေးမှာပါ"
သတင်းထောက်တွေကငြိမ်သွားပြီးသူပြောပြမယ့်သတင်းကိုစောင့်မျှော်နေကြတယ်
Lucasကပြောလိုက်ပြီးဖုန်းကိုထုတ်လိုက်ကာနံပတ်တစ်ခုကိုနှိပ်လိုက်ပြီး
"စတော့"
Lucasတို့ရဲ့နောက်ကျောဘက်မှာကြည့်တဲ့ဖန်သားပြင်ကြီးကလင်းထိန်သွားကာမိသားစုလေးယောက်ကိုမြင်လိုက်ရသည်၊အဲ့သူများမှာလည်းတခြားသူမဟုတ်ဘဲMr.Johnတို့မိသားစုပင်၊
‌ေနာက်‌ေတာ့Lucasရဲ့အသံကိုကြားလိုက်ရသည်

System WhiteWhere stories live. Discover now