“အဆင်ပြေတာပေါ့၊ ကျွန်တော်လည်း မနက်ဖန်မှာ ဌာနချုပ်ကို လ ာပြီး လက်ထောက်တွေကို ကြည့်ရမယ်။ ချန်းကော အလုပ်ဆင်းမှ ချန်းကောနဲ့အတူ အိမ်သွားကြည့်တာပေါ့”
ယွမ့်ထန်းက ဟော်ယွန်ရီနှင့် ဟော်ယွန်ချန်းတို့ကို မိတ်ရင်းများအဖြစ် သတ်မှတ်ထားသဖြင့် အိမ်နီးချင်းဖြစ်လိုပေသည်။

“ကောင်းပြီ”

နောက်ရက်တွင် စစ်တပ်ဌာနချုပ်သို့ သွားကာ ကန်တင်းမှ အခြေအနေများကို စစ်ဆေးမြည်ဖစ်သဖြင့် ယွမ့်ထန်းကမ နက်စောစောထပြီး မနက်စာ တိုက်ရိုက်ထုတ်လွှင့်ရန် ပြင်ဆင်သည်။

“ဟယ်လို အားလုံးပဲ ကိုယ်ကတော့ မင်းတို့ရဲ့ တင်ဆက်သူ ယွမ့်ထန်းပါ။မနက်စာအတွက် အသားလွှာဆန်ပြုတ်နဲ့ ကျူးလစ်ပေါင်မုန့်ကြော်ကို ချက်ပြမှာပါ”

[ရှစ်ကျစ်ဝူထျန်း: ဝိုး တင်ဆက်သူ ဒီနေ့ အစောကြီးထနေတာပဲ။ငါ မျက်လုံးတောင်မဖွင့်နိုင်သေးဘူး တိုက်ရိုက်ထုတ်လွှင့်မှု နိုတီက တက်လာပြီ]

[ အေးစက်တဲ့ည: ဟုတ်တယ် ဟုတ်တယ် တင်ဆက်သူ မပင်ပန်းဘူးလား]

ယွမ့်ထန်းက ရယ်သည်။
“ကိုယ်က အပြင်သွားစရာရှိလို့ စောစောထပြီး တိုက်ရိုက်ထုတ်လွှင့်လိုက်တာပါ”

အသားလွှာဆန်ပြုတ်၏ အဓိက ပါဝင်ပစ္စည်းက ဆန်၊အသားလွှာ၊အနက်ရောင်မှိုနှင့် တရုတ်ဂေါ်ဖီတို့ဖြစ်သည်။ ယွမ့်ထန်းက အနက်ရောင်မှိုနှင့် တရုတ်ဂေါ်ဖီကို အလျှင်ဦးစွာ ရေဆေးထားပြီး အခြောက်ခံကာ ရေစစ်ပြီးမှ နောက်ပိုင်းသုံးရန် ခပ်သေးသေး လှီးထားလိုက်သည်။ သူက မနေ့က ထမင်းပေါင်းအိုးထဲသို့ မနေ့ကကျန်သော အရိုးပြုတ်ရည်အနည်းငယ်ကို ထည့်ပြီး ရေသန့်ဖြင့် ဆေးထားသော ဆန်ဖြူကို ထည့်သည်။လှီးထားသောေ ဂါ်ဖီ၊ အနက်ရောင်မှိုနှင့် အသားလွှာများတို့ကို ထ ည့်ပြီး ဆန်ပြုတ်ချက်သည့် ခလုတ်ကို နှိပ်လိုက်သည်။ သိပ်မကြာခင်အချိန်တွင် စားချင်စဖွယ် မွှေးပျံ့နေသော အရသာရှိသည့် ဆန်ပြုတ်က အဆင်သင့်ဖြစ်ပေလိမ့်မည်။

အသားလွှာဆန်ပြုတ်က ညီဖြစ်သူ ယွမ့်ယွီအတွက်ဖြစ်သည်။ ဌာနချုပ်သို့ သွားသည့်လမ်းတွင် ဆေးရုံသို့ ဝင်ကာ ပို့ရန် တွေးထားသည်။ ဆရာဝန်က သဘာဝစားစရာများက ယွမ့်ယွီအတွက် ကောင်းမွန်သည်ဟု ဆိုထားသဖြင့် သူကနေ့တိုင်း သေချာ ချက်ကျွေးဖြစ်သည်။ ယခုဆိုလျှင် ယွမ့်ယွီက တစ်နေ့ထက် တစ်နေ့ သက်သာလာပြီ ဖြစ်သည်။ ယွမ့်ယွီက အသားနည်းနည်း ပြည့်လာပြီး သွေးရောင်လွှမ်းလာလျှင် ဆေးရုံဆင်းရရန် သိပ်မဝေးလောက်တော့ချေ။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now