ဘယ်လောက်တောင်အရှက်မဲ့ပြီး စိတ်ကူးယဥ်ဆန်လိုက်သလဲ။
ထိုမိန်းမကို ယူဂျင်းကသတိလာပေးမည်ကို သူမသိနေသည်။
ထိုအချိန်သူမက ကိုကိုနဲ့တွဲနေပါပြီဆိုပြီး အခုလိုလာပြောလျှင် ယူဂျင်းကယုံပြီး ကိုကို့ကိုပြဿနာရှာလိမ့်မည်။
ထပ်ပြီးရှိသေးသည် ကိုကို့နဲ့ပြဿနာတက်နေချိန် ကိုကို့အနားအမြဲရှိနေသူ ယူဂျင်း အလစ်ကိုစောင့်ဆိုင်းနေခြင်းဖြစ်မည်။
ထိုအမျိုးသမီး Infoအမှားတွေရထားပုံဘဲ..
ထိုအချိန် သူမက ကိုကို့ ကိုချဥ်းကပ်မည်။

"အဟက်..အရမ်းလွယ်လွန်းတာဘဲ"

သူ့အသက်က6နှစ် မဟုတ်ဘဲ 16နှစ် ဆိုတာ ထိုအမျိုးသမီးမေ့နေရော့သလား။

ထပ်ပြီး သူက တခြားသူမဟုတ် ဟန်ယူဂျင်း ဖြစ်သည်။
ကင်ခ်ဂယူဗင်း၏သက်ဆိုင်သူ ဟန်ယူဂျင်းဖြစ်သည် ကို ထိုအမျိုးသမီး မေ့မထားသင့်။

အင်း..သက်ဆိုင်သူပေါ့။
ကိုကို့ရဲ့အရာရာ ယူဂျင်းနှင့်သက်ဆိုင်သလို..
ကိုကို့အတွက်လဲ ယူဂျင်းနည်းတူဖြစ်သည်။

"အင်တာဗျူးတစ်ခုမှာ ကိုကိုကခင်ဗျားနဲ့အတူ အလုပ်တောင်တွဲမလုပ်တော့ဘူးလို့ ဖြေသွားတာ ကျွန်တော်ကြားမိပါတယ်..ဘာကြောင့်လဲဆိုတာ ကျွန်တော် အရင်ကမသိပေမယ့် ဒီနေ့တော့သိလိုက်ပါပြီ"

ခေါင်းလုံးလုံးလေးအား တဆတ်ဆတ်ငြိမ့်၍ အကြောင်းအရာတစ်ခု နားလည်သွားသလို အံ့သြစွာလက်ခံသွားရတဲ့ပုံစံဖြင့် ပြုမူနေပုံလေးမှာ အစွယ်လေးသာမရှိလျှင် ယုန်ပေါက်လေးလိုချစ်ဖို့အလွန်ကောင်းလှသည်။

"မင်းက တို့လိမ်ပြောနေတယ်လို့ ဆိုလိုတာလား"

ရှေ့မှအမျိုးသမီး၏ဒေါသကြောင့်နီရဲလာသောမျက်နှာအား သေချာကြည့်၍ ယူဂျင်း နှခမ်းလေးများကော့တက်သွားသည်။

"ခင်ဗျား အဲလောက်ထိ ကိုကို့ ကိုလိုချင်နေမှန်း ကျွန်တော်တကယ်မထင်ထားဘူး"

အမှန်တကယ်အံ့သြသွားဟန်ဖြင့် သူမရှေ့တွင် အသဲယားအောင်လုပ်ပြနေသောကောင်လေးအား  အတော်လေး ကြောက်ရွံ့မိသည်။
သူမ သိထားသည်မှာ ဂယူ့မှာညီလေးတစ်ယောက်ရှိသည်။ထိုညီလေးက အနေအေးပြီး ကင်ခ်ဂယူဗင်းနှင့်ပတ်သက်လျှင် အထိမခံနိုင်ဟုသာသိထားသည်။
ကင်ခ်ဂယူဗင်းအနားချဥ်းကပ်သူတိုင်း အကြောင်းအမျိုးမျိုးဖြင့်ပျောက်ကွယ်သွားရသည် ဟူသည့်အချက်ကိုတော့ ထိုအမျိုးသမီး သိထားမည်မဟုတ်။

P O S S E S S I O N (Complete)Where stories live. Discover now