လော့ရှန်းဟွာဟာ အစားအစာတွေကို အားရပါးရစားသုံးနေပြီးနောက်မှ လော့ကျန်းပေ့ဟာ အခုထိ အစားအသောက်ကို မထိရသေးတာကို သတိထားမိသွားတော့သည်။

"ဒယ်ဒီ ဗိုက်မဆာလို့လား" လော့ရှန်ဟွာမေးလိုက်မှ လော့ကျန်းပေ့ဟာ ပြုံးလိုက်ပြီး လော့ရှန်ဟွာထည့်ပေးတဲ့အသားတုံးကို စားလိုက်သည်၊ထိုနောက်ထမင်းကိုပါတစ်လုတ်စားလိုက်ပြီးနောက်မှ ရှေ့ကနေသူ့အား ကြည့်နေတဲ့ကလေးငယ်ကြောင့်

"ဘာဖြစ်လို့လဲ" လို့မေးလိုက်တော့ ကလေးငယ်ဟာခေါင်းခါလိုက်ပြီး သူ့ထမင်းသူ ခေါင်းငုတ်ပြန်စားနေတော့သည်၊

'ဒယ်ဒီ အားရပါးရစားတာကအစ ကြည့်လို့ကောင်းလိုက်တာ... ဒီလောက်ပြီးပြည့်စုံတဲ့လူက ဒီလောကမှာရှိသေးတယ်ပေါ့ ဖန်တီးရှင်က တော်တော်ဘက်မလိုက်စွာ ဖန်တီးပစ်ထားတာပဲ'

ထိုနောက်မှာတော့ သူတို့စားလို့သောက်လို့ပြီးစီးသွာုးပီးနောက်မှာ လော့ရှန်ဟွာလည်း အများသုံးသန့်စင်ခန်းဆီသွားပြီး လက်ကို သန့်ရှင်းလိုက်သည်၊

"ရှင် ဘာလို့ ဒီလိုလုပ်ရက်တာလဲ!" လော့ရှန်ဟွာသန့်စင်ခန်းကနေ ပြန်ထွက်လာပြီး စင်္ကြံကနေ လျှောက်လာချိန်မှာ ရင်းနှီးတဲ့အသံကြောင့် ခြေလှမ်းများရပ်သွားတော့သည်၊

"မင်းကို ပြဿနာမရှာဖို့ ပြောထားတယ်လေ မိန့်မိန့်"

"ဟန်ပိုင်! လီရှန်းဟွာကြောင့် အခုလို နင်ကောင်းစားရတာ မမေ့နဲ့" လီမိန့်မိန့်ရဲ့ခြိမ်းခြောက်သံကြောင့် တစ်ဖက်ကနေ ယောက်ျားတစ်ယောက်ရဲ့ခြောက်ကပ်ကပ်ရယ်သံထွက်လာတော့သည်၊

"မိန့်မိန့် လူသေက စကားမပြောနိုင်ဘူး"

"အဟက် ရှင်သာ ကျွန်မကို ဒီအခက်အခဲကနေ မကူညီဘူးဆိုရင် အမှန်တရားကို ဖွင့်ဟပြောဆိုလိုက်မယ်... ရှင်သိတယ်မလား လီကုန်းရွှေတဲ့ပထမအိမ်တော်က ကောင်လေးက လီရှန်းဟွာကို သိပ်လေးစားလွန်းတာ... သူသာ လီရှန်းဟွာသေရတဲ့အဓိကတရားခံက ရှင်လို့သာ သိရင်..." မိန့်မိန့်ရဲ့လှောင်ရီကာပြောဆိုလာတဲ့စကားကြောင့် ဟန်ပိုင်ဆီက အံကြိတ်သံပင် ကြားနေရသည်၊ထိုနောက်မှာ သက်ပြင်းချလာပြီး သဘောတူလိုက်သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now