အပိုင်း ၄၂

Zacznij od początku
                                    

ချင်ကောက သူတို့နှစ်ယောက်က လင်မယားနှစ်ယောက်ဖြစ်သည်ကို သိသည်။ သူနှင့် ဝူထုန် တို့သည် သာမန်စုံတွဲလို ပို၍ပို၍သာလွန်လာလိမ့်မည်ဟု မျှော်လင့်ကာ တစ်နေ့တွင် သူလဲ ထိုကဲ့သို့ဖြစ်လာနိုင်သည်။  သာမာန်လူတစ်ယောက်လိုပင် ဇနီးသည်နှင့်အတူ သာမန်ဘဝဖြင့် နေထိုင်နိုင်မည်။

' ဒီညပြန်ရောက်ရင် ငါ့မိန်းမကို ငါ့ရင်ခွင်ထဲမှာ ထည့်ထားပြီး အိပ်ပျော်နိုင်မလားဆိုတာ သိဖို့ ထပ်ကြိုးစားကြည့်မယ်။'

.....

မြို့တော် T ရဲ့ ခရီးစဉ်ပြီးဆုံးပြီးနောက် သူတို့နှစ်ဦးက မြို့တော် N မှာ  လေထီးခုန်ဖို့ စီစဉ်ခဲ့ကြသည်။  ဝူထုန်က ဒါကိုကြားတော့ ချင်ကောကို အံ့အားသင့်စွာ မေးလိုက်သည်။ "ကျွန်မတို့ ဘာလို့ မြို့တော် N ကို လေထီးခုန်ဖို့ သွားရမှာလဲ"

ချင်ကော မဆိုင်းမတွနဲ့ပြန်ဖြေခဲ့သည်။ "ဟန်းနီးမွန်းခရီးက တစ်နေရာတည်းကို သွားမယ်ဆိုရင် အာဏာရှင်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို ကိုယ် ဘယ်လိုပြရမလဲ"

"ရှင်က အားကြီးပြီး နှိမ့်ချတတ်တဲ့ အမျိုးသားသူရဲကောင်းတစ်ယောက်လို့ ကျွန်မတော့ မထင်ဘူး"  ဝူထုန် သူ့ကို စိုက်ကြည့်နေလိုက်သည်။

"မိန်းမ၊ မင်းရဲ့ယောကျာ်းက ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတာဆိုတာကို မမေ့လိုက်နဲ့"

"ကျွန်မ အဲ့တာကိုမမြင်ဘူး"

သူမ ဒီလိုပြောလိုက်ပေမယ့် ဝူထုန်က ​​မနက်စောစောမှာ သူမရဲ့ ခရီးဆောင်အိတ်ကို စထုပ်ပိုးခဲ့ပြီး လမ်းတစ်ဝက်မှာ ဖုန်းက ရုတ်တရက်မြည်လာခဲ့သည်။  ဝူထုန် ဖုန်းကို ကောက်ကိုင်လိုက်ချိန် သူမ သူငယ်ချင်း လီမင် ဆိုတာ တွေ့လိုက်ရသည်။  ဝူထုန် ဗီဒီယိုကို ပြုံးပြုံးလေးနဲ့ ချိတ်ဆက်လိုက်ပြီး "မင်မင်၊ နင် တရုတ်ပြည်ကို ပြန်ရောက်ပြီလား"

ဆံပင်တိုတိုနဲ့ ဖက်ရှင်ကျတဲ့ မိန်းကလေးတစ်ဦးက ဗီဒီယိုရဲ့ အခြားတစ်ဖက်တွင် ပေါ်လာပြီး "ဒါပေါ့ ချစ်လေးရဲ့၊ နင်ငါ့ကိုလွမ်းနေပြီလား" လို့ ပျော်ရွှင်စွာပြောခဲ့သည်

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Opowieści tętniące życiem. Odkryj je teraz