12.2

838 74 1
                                    



မဟာပြီးပြည့်စုံခြင်းအဆင့် ဆရာသခင် တစ်ယောက်အနေနှင့် မျက်စိတမှိတ်အတွင်း လီတစ်သောင်း (1li = 0.5km) သွားတာက ဘာမှမထူးဆန်းပေ။ အသေးအဖွဲ့ကိစ္စလေး တစ်ခုမျှသာ ဖြစ်၏။ ကျုံးယီ၏ ရှေ့ခြေရာက ချောက်ကမ်းပါးမှာ ရှိနေပြီး နောက်ခြေရာက ကြေကွဲကောင်းကင်နန်းဆောင်မှာ ရှိနေတာ ဖြစ်သည်။

သူက ကောင်လေးကို နှစ်တစ်သောင်း ကျောက်စိမ်းကုတင်ပေါ်မှာ တင်ပေးလိုက်ပြီး သူ့လက်ချောင်းလေးတွေက သွေးပေနေသော ဝတ်ရုံကို ဖယ်ရင်း ကောင်လေး၏ ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးနေလိုက်သည်။

ကြယ်ခုနှစ်ပွင့်အရိုးစား လက်သည်း တစ်စုံက အခြေတည်အဆင့် လူတစ်ယောက်၏ ဝိညာဉ်ကြောကို ဖျက်ဆီးပစ်ဖို့ အပြည့်အဝ လုံလောက်ပေသည်။ ကောင်လေး၏ အတွင်းကလီစာ ငါးခုလုံးနဲ့ အူတွေလည်း ပျက်စီးသွားပြီး သူ၏ ချီသွေးကြောတွေလည်း တစစီ ပျက်စီးသွားခဲ့သည်။ သူ့အရိုးတစ်ရှုးတွေကလဲ တဖြည်းဖြည်း သေဆုံးလာလေပြီ။ သူ့ဝိညာဉ်ကြောကလည်း လုံးဝဖျက်ဆီးခံထားရသည်။

သူ့၏ စွမ်းအင်ဗဟိုချက်မှာ ကြီးမားသည့် သွေးအပေါက်ကြီး ဖြစ်နေသည်။

ဤအခြေအနေက အန္တရာယ်များလွန်းလှသည်။

" ဘယ်သူလုပ်တာလဲ။ " ကျုံးယီ၏ မျက်နှာက အမူအရာကင်းမဲ့နေပေမဲ့ သူ့အသံကတော့ လူသတ်ချင်စိတ်တွေ ထွက်ပေါ်နေသည်။ သူ၏ အနက်ရောင်ဓား အရှိန်အဝါက ခန္ဓာကိုယ်မှ ထွက်လာပြီး ပျံ့နှံ့သွားသည့်အခါ အဆင့်(၇) ကောင်းကင်ညှာတံရွှေဖြင့် ဖန်တီးထားသော ကြမ်းပြင်ပင် အနည်းငယ် ကွဲအက်လာသည်။

သူက ကောင်လေး ထိခိုက်မှာ စိုးရိမ်ပြီး ချက်ချင်း သူ့အရှိန်အဝါကို ပြန်လည်သိမ်းထားလိုက်သည်။ ထို့နောက် ကောင်လေး၏ ဖြူဖျော့နေသည့် ပါးပြင်လေးကို ချစ်ခင်ကြင်နာစွာ ထိကိုင်လိုက်သည်။

ယွင်ရှန့်၏ မျက်လုံးတွေက ဖွင့်လိုက်သည်နှင့် နီရဲနေသည်။

" အဲဒါ မိုယူ ... ဒါပေမဲ့ ဆရာကို တပည့်အတွက် လက်စားချေမပေးစေချင်ဘူး။ တပည့်ကိုယ်တိုင် လုပ်ချင်တယ် "

Copying Immortal Cultivation - FOD Arc 12 Translation (completed) (U&Z)Where stories live. Discover now