ဘယ်သူမှအနားမှာမရှိနိုင်ကြတဲ့ ယူဂျင်းအတွက် ကိုကိုက ဘယ်လိုမှအဆုံးအရှုံးမခံနိုင်တဲ့ လူတစ်ယောက်ဖြစ်ခဲ့သည်။
အဲဒီအကြောင်းအရင်းကြောင့်ဘဲ ယူဂျင်းကို လူလိမ်မာလေးမှ တဖြည်းဖြည်း လူဆိုးလေးဖြစ်လာစေခဲ့သည်။

~~~~~~~

"ယူဂျင်းအရုပ်ပြန်ပေး  ယူဂျင်းအရုပ်ပြန်ပေးလို့ မင်ဟီးရား အီးဟီး"

ဖေဖေက ယူဂျင်း 9နှစ်ပြည့်မှာ မွေးနေ့လက်ဆောင်အဖြစ်ပေးထားသော စက်ရုပ်လေးအား လုယူသွားသော  ကင်ခ်မင်ဟီးထံတွင် ယူဂျင်းပြန်တောင်းနေခြင်းဖြစ်သည်။

ယူဂျင်း မိဘများက အရမ်းချမ်းသာတာကြောင့် ထိုအရုပ်ထက်ပိုကောင်းတဲ့အရုပ်ကို လိုချင်သလောက်ပူဆာလို့ရမှန်း ယူဂျင်းသိသည်။
ဒါပေမယ့် ယူဂျင်းဘဝတွင် ကိုယ့်အပိုင်ပစ္စည်းတစ်ခုကို တခြားလူလက်ထဲအား လုံးဝထည့်မပေးလိုက်နိုင် ထိုပစ္စည်းအား မလိုချင်လျှင်တောင် ယူဂျင်းကိုယ်တိုင်လက်နှင့်ဖျက်ဆီးပစ်မည် တခြားသူအားမပေးလို။

ကင်ခ်မင်ဟီးဆိုသည့် ကောင်လေးမှာ
ဘေးအိမ်တွင် ပြောင်းလာသော ကင်ခ်မိသားစုမှသားအငယ်ဆုံးဖြစ်သည်။
ယူဂျင်းနှင့်ရွယ်တူဖြစ်တာကြောင့် သူငယ်ချင်းလုပ်၍ အတူကစားရာမှ မင်ဟီးက ယူဂျင်းအရုပ်အား သဘောကျ၍ သူယူသွားမည်ဆိုပြီး လုပြေးသွားခြင်းဖြစ်သည်။

စံအိမ်ကြီးထဲတွင် ကလေးနှစ်ဦး၏ပြေးလွှားအော်ဟစ်သံတွေနှင့်ညံနေတော့သည်။

ယူဂျင်း ပြေးလိုက်ရတာမောလာတာကြောင့်ခဏနားလိုက်သည်။မျက်နှာလေးမှာငိုထားတာကြောင့်  ပန်းသီးလေးလိုနီရဲလျက်ရှိသည်။
ရှိုက်သံလေးတွေထွက်နေသေးသည်

"ကလေးလေး ဘာလို့ငိုနေတာလဲဟင်"

အရှေ့မှ အသံချိုချိုကြောင့် အမောဖြေနေတဲ့ယူဂျင်း မျက်ရည်စတွေဝန်းရံနေတဲ့မျက်လုံးဝိုင်းတွေဖြင့် မော့ကြည့်လိုက်သည်။

"ကိုကိုက မင်ဟီးရဲ့ကိုကိုလားဟင်"

မင်ဟီးနှင့်ရုပ်ချင်းအနည်းငယ်ဆင်တူတာကြောင့် ယူဂျင်းမေးလိုက်မိခြင်းဖြစ်သည်။
အမှန်အတိုင်းပြောရရင်တော့ အရှေ့မှကိုကိုက မင်ဟီးထက်ပိုပြီးချောသည်။

P O S S E S S I O N (Complete)Where stories live. Discover now