Chapter - 58

996 91 31
                                    

ယနေ့ဆိုလျှင် သားပျောက်နေတာ သုံးရက်မြောက်နေ့မနက်ဖြစ်ပြီး ဘာသတင်းအစအနမှ မရလောက်အောင် Z က အပုန်းကောင်းသည်။ ကတ်သရင်းက သားဇောဖြင့် တစ်ချိန်လုံးငိုယိုကာ အိပ်ရာထဲ ဗုန်းဗုန်းလဲနေတာကြောင့် အနားမှာ သူနာပြုခေါ်ပေးထားရသည်အထိပင်။ အတွေးတွေက လွင့်နေတော့နံဘေးနားက ဖုန်းမြည်နေခြင်းကိုတောင် အေဒရီယန်သတိမထားမိပေ။ နံပါတ်စိမ်းပေမို့ မကိုင်ဘူးဟု စဥ်းစားထားသော်လည်း သားများလားဟု တွေးမိတော့  ကပျာကယာကောက်ကိုင်လိုက်သည်။

"ဆရာ..."

ဟူသော တစ်ဖက်ကအသံကြားသည်နှင့် ထိုင်ခုံကနေ ဝုန်းခနဲထရပ်မိ၏

"Z !!..ငါ့သား ဘယ်မှာလဲ။ မင်းက ဘာကိစ္စနဲ့ ငါ့သားကို ခေါ်သွားတာလဲ"

"ဆရာသာ ကျွန်တော့်ကို ထိုးကျွေးဖို့ မစဉ်းစားခဲ့ရင် ကျွန်တော်ဒီလိုလုပ်မှာမဟုတ်ဘူး"

"မင်းကို အကောင်းဆုံးဖြစ်အောင် ငါလိုက်ပေးမယ်လို့ ပြောထားတယ် မဟုတ်လား နှစ်၂၀ ကျော် မင်းကို နားခိုရာပေးထားတဲ့ ငါ့ကို ဒီလိုပုံစံကျေးဇူးဆပ်တာလား။ ငါ့သားကို ပြန်ပေးဆွဲသားပြီးတော့လေ..."

"ဆရာ ဘယ်လိုပဲလိုက်လိုက် အပြစ်က မပေါ့ဘူးလေ ဆရာ။ အနည်းဆုံးတော့ နှစ် ၂၀ ပဲ...အဲ့ဒီနှစ် ၂၀ ဆိုတာ...."

"နှစ် ၂၀ ဆိုလဲ ဘာဖြစ်လဲ။ မင်းမှာ မိသားစုမရှိ ခင်တွယ်စရာမှ မရှိတာ။ အဲ့ဒီ နှစ် ၂၀ ပြီးရင် မင်း ပြည့်စုံအောင်နေလို့ရတဲ့ ငွေကြေးတစ်ခု ပေးထားတာပဲ...."

"ဆရာ ကျွန်တော့်ကို ဘယ်လိုများပြောရက်ရတာလဲ။ ဆရာ့အတွက်ဆို ဘာမဆို ကျွန်တော်လုပ်ခဲ့တာပါ။ လူသတ်ဆိုလဲ ၀န်မလေးဘူး.."

"တော်..တော်...တော်စမ်းပါ။ အဲ့ဒီအတွက် တန်ရာတန်ကြေးငွေ ငါပေးခဲ့တာလေ။ မင်းကို အလကားခိုင်းခဲ့တာလား။ မင်းလိုကောင်ကို  ကျွေးမွေးခဲ့ရတာ မတန်လိုက်တာ..."

"ကျွန်တော့်လိုကောင်မှာလဲ အေးအေးချမ်းချမ်းနေချင်တဲ့ စိတ်ကူးတွေရှိတယ်။ ခင်ဗျားအတွက် ချနင်းစရာ သားကောင်မဟုတ်ဘူး"

"ဟေ့ကောင် ရှည်ရှည်ဝေးဝေးတွေ ငါ့ကို မပြောနဲ့ ဘာကိစ္စနဲ့ ဆက်တာလဲ။ ငါ့သားရဲ့ ဆံပင်တစ်ပင်ပြတ်ရင်တောင် မင်းကို အပိုင်းပိုင်းလုပ်ပစ်မယ် နားလည်လား..."

𝑽𝒊𝒄𝒕𝒊𝒎 𝑩𝒖𝒕 𝑷𝒆𝒓𝒑𝒆𝒕𝒓𝒂𝒕𝒐𝒓 Where stories live. Discover now