မကြိုက်သင့်သောတီချယ်🫀 P-14

Mulai dari awal
                                    

"အဒေါ်သူငယ်ချင်းလေးက ချစ်ချင်စရာလေးရှင် ချစ်လို့ရမလားဗျာ"

"ဟော ဘယ်လို့ဖြစ်ပြီ ရှင်နဲ့ဗျာ နှစ်ခုလုံးသုံးပြီပြောသွားရတာတုန်း"

"ဒါကကျွမ်းကျင်မှုလေ"

"မကျွမ်းကျင်နဲ့ ကလေးငယ်"

"ကျွမ်းကျင်မှာပါပဲ မာနငယ်လေးရဲ့"

"ကိုယ်ဆရာမကို နာမည်တပ်ခေါ်စရာလား"

"ဒါဆို မာနလေးလို့ခေါ်ရမှာလား"

"မဟုတ်ဘူးလေ ဆရာမကို တီချယ်လို့ဘဲခေါ်ခိုင်းတာ"

"တီချယ်ကို တီချယ်လို့ခေါ်တဲ့သူများတယ် ငယ်လို့ခေါ်တဲ့သူလည်းများတယ် အဲဒါကြောင့်ဘယ်သူမှမခေါ်တဲ့ မာနလေးလို့ခေါ်ချင်တယ်"

‌"ဒီကလေးနဲ့တော့ ဆရာမကိုမရိုမသေနဲ့"

"ရိုသေတယ် လေးစားတယ် ကြောက်တယ် ချစ်တယ်...."

နောက်‌ဆုံးစကားကို ‌လေသံလျော့တိုးတိုးလေးပြီပြောလိုက်ပေမဲ့ ငယ်ကတော့ သေချာကြားရပါသည်။

"ဆရာမကတော့ တစ်ခွန်းပဲ ချစ်တယ်"

"ချစ်မှန်းသိတယ်"

"ဟုတ်ပါပြီ အစွာလေးရဲ့"

ငယ်တို့အငြင်းခုံများနေကြချိန် နွေးအဒေါ်ဖြစ်သူ ငယ်၏သူငယ်ချင်းက သူတို့ရှိရာစီသို့ရောက်လာခဲ့သည်။

"ငယ်တို့ဘာတွေစကားများနေကြတာလဲ"

"ဘာမှမဟုတ်ပါဘူး တီလေးယွန်းရဲ့"

"ဘာမှမဟုတ်ပါဘူး ယွန်းဖြူစင်ရဲ့"

ပြိုင်တူထွက်ပေါ်လာသည့်စကားသံနှစ်ခု။

"အမယ့် ဒီနှစ်ယောက်ကြိုတင်ကြံစည်ထားကြတာလား "

"ဒီတိုင်းတိုက်ဆိုင်သွားတာပါ"

"တိုက်ဆိုင်သွားတဲ့ဆိုရင်ထားပါ အဲဒါနဲ့ နွေးက မျက်နှာနီရဲနေအောင်ထိရှက်နေစရာလိုလို့လား"

"ဟာ တီလေးယွန်းနော်...တော်ပြီ ပါးပါးတို့စီဘဲသွားတော့မယ်"

"ရှင်ပါးပါးတို့က မီးဖိုချောင်မှာချက်ပြုတ်နေတုန်းရှိသေးတယ်"

မကြိုက်သင့်သောတီချယ်🫀Tempat cerita menjadi hidup. Temukan sekarang