#မိန်းမလျှာတစ်ယောက်ရဲ့မျှော်လင့်ခြင်းစကြာဝဠာ

188 10 2
                                    

သူရိန် လူမှန်းသိတတ်စအရွယ်မှာ အ‌မေက  သူ့ကိုအစ်မဖြစ်သူရဲ့ မိန်းကလေး အင်္ကျီလေးတွေ ဝတ်ဝတ်ပေးတတ်ပြီး သားလေးက အလှလေးပဲဆိုပြီး သဘောကျနေတတ်တယ်။  သူရိန် အသက်ကြီးလာတော့ မိန်းကလေးအဝတ်အစားတွေ ဝတ်ရတာကို ကိုယ့်စိတ်သဘောနဲ့ကိုယ်နှစ်သက်နေခဲ့ပြီ။  ၅ နှစ်သားအရွယ် ကျောင်းစတတ်တော့ အစ်မရဲ့ ငါဝန်လေးတွေ၊ စကတ်လေးတွေကို  ကြိုက်လို့ ယူယူဝတ်ကြည့်တာ အဖေသိသွားတော့  ကြောက်စရာကောင်းတဲ့ ခြင်‌သေ့လို မျက်နှာကြီးနဲ့ ကြည့်ပြီး နောက်ဒါမျိုးတွေ မဝတ်ရဘူးလို့ ခြိမ်းခြောက်သွားခဲ့တယ်။အမေကတော့ ယောက်ျားလေးဖြစ်ပြီး မိန်းကလေးအဝတ်တွေ ဝတ်တာဟာ ရှက်စရာကောင်းတာမို့ မလုပ်သင့်ကြောင်း ချော့ပြောတယ်။ သားငယ်ငယ်က ကျ မေမေ ဝတ်ပေးတယ်လေလို့ စကားတတ်တဲ့ သူရိန်က ပြန်ပြောတော့ “ ငယ်ငယ်က ကလေးမို့ လူတွေက အပြစ်မယူဘူးသားရဲ့။ သားက အခု ကျောင်းတက်နေပြီဆိုတော့ သူငယ်ချင်းတွေနဲ့ ဆရာမတွေက  ဝိုင်းလှောင်ကြမှာ ရှက်စရာကြီး။ ယောက်ျားလေးဟာ ယောက်ျားလေးလို နေမှရမယ် ”  တဲ့။ သူရိန်လဲ လူကြီးတွေစကားနား‌ထောင်ပြီး  နေကြည့်ပါသေးတယ်။ ဒါပေမဲ့ ကျောင်းသွားရင် အဖြူနဲ့အစိမ်း ဂါဝန်ဝဲဝဲလေးနဲ့ လှနေတဲ့ မမကို ကြည့်ပြီးသူ့လို ဖြစ်ချင်လာစိတ်က တားမရခဲ့ဘူး။  လူကြီးတွေ မသိအောင် သူတို့အပြင်သွားပြီဆိုတာနဲ့ မမအဝတ်အစားတွေ ခိုးခိုးဝတ်တာပဲ။ တစ်ရက်ကျတော့ အပြင်ထွက်သွားတဲ့ အဖေက ပစ္စည်းတစ်ခုမေ့ကျန်ရစ်ခဲ့လို့ ပြန်ဝင်ယူလို့ မမရဲ့ကျောင်းဝတ်စုံ ဂါဝန်လေးနဲ့ မှန်ရှေ့မှာ မတ်တပ်ရပ်ရင်း ကိုယ့်ပုံကိုယ် ကျေနပ်ပီတိဖြစ်နေတဲ့ သူရိန့်ကို မိသွားခဲ့တယ်။
အဖေက ဘီလူးသရဲ ဝင်စီးနေသလို နီရဲနေတဲ့မျက်နှာကြီးနဲ့ ဝါးခြမ်းပြားကို သုံးချောင်းပူးပြီး သူရိန့်ကို လှိမ့်ပိမ့်ရိုက်တော့တာပဲ။ မင်းက အခြောက်လား မင်းက အခြောက်လားလို့ မေးမေးပြီးတော့ပေါ့။ သူရိန့်  ခြေသလုံးတွေ ပွန်းပြဲသွားတဲ့အထိ အဖေက ရိုက်တယ်။ နာနေပြီလို့ပြောလဲ မရပ်ဘူး။  အမေက ဇွတ်အတင်းဝင်ဆွဲတော့မှ ရပ်သွားတယ်။ အဖေက အမေ့ကို လက်ညှိုးထိုးပြီး ရန်ထောင်တယ်။အဲတာမင်းငယ်ငယ်က ကလေးကို ဇာတ်သွင်းပေးလို့ဖြစ်တာဆိုပြီးတော့ပေါ့။   အမေက သူ့ကို ဒီလိုလေသံမျိုးနဲ့ လာမပြောနဲ့လို့ အဖေ့ကို ပြန်အော်တယ်။ လင်မယားနှစ်ယောက် သူရိန် နားမလည်နိုင်သေးတဲ့ စကားတွေနဲ့ အော်ကြီးဟစ်ကျယ်စကားများကုန်ကြတယ်။ နောက်တော့ အဖေ့ကို မနိုင်တဲ့ အမေ့ရဲ့ ‌ဒေါသက ကျနော့်အပေါ် ပုံကျသွားပြီး   သူရိန့် လက်မောင်းကို ဆွဲခါရမ်းလို့ နင့်ကြောင့် ငါဒီလိုအပြောခံရတာ၊   အခြောက်မဟုတ်ပါဘူးလို့ အဖေ့ကိုပြောလိုက်လေလို့ ပြောခိုင်းတယ်။ သား အခြောက်မလုပ်ပါဘူး၊ သားအခြောက်မဟုတ်ပါဘူးလို့  အဖေ စိတ်ကျေနပ်တဲ့အထိ သူရိန် အော်ပြောခဲ့ရတယ်။ အဲဒီအချိန်ကစပြီး စိတ်ဆန္ဒတွေကို ချိုးနှိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ယောက်ျားတစ်ယောက်အဖြစ် သူရိန်တစ်ယောက် နေထိုင်ခဲ့ရတော့ဝာာပေါ့။

You've reached the end of published parts.

⏰ Last updated: Jul 13, 2023 ⏰

Add this story to your Library to get notified about new parts!

ယောက်ျား‌တွေကို ချစ်သော ယောက်ျားများWhere stories live. Discover now