မိတ်ဆက်ခြင်း

1.4K 3 0
                                        

ကျွန်တော့်နာမည်က Kai ပါ။

ကျွန်တော်က ၂၅ နှစ်အရွယ် ဘွဲ့ရပညာတတ်တစ်ဦးဖြစ်ပါတယ်။

ကျွန်တော်က ဘယ်အရာမဆို သိချင်တတ်ချင်တဲ့ စိတ်အလွန်အမင်း ပြင်းပြတဲ့သူတစ်ယောက်ဆိုရင် မှားမယ်မထင်ပါဘူး။

ဘယ်နယ်ပယ်က အကြောင်းအရာမဆို ကျွန်တော်အင်မတန်မှစိတ်ဝင်စားလေ့ရှိတယ်။

ပြောရရင် ဗဟုသုတ တွေ ဆာလောင်နေတဲ့ လူတစ်ယောက်ပေါ့လေ။

ပြီးတော့ကျွန်တော်က Venus in cancer ဆိုတော့ အရမ်း ro ရတာကြိုက်တယ်။

Mars in Libra ဖြစ်တာမလို့ အရမ်းလည်းအရှက်အကြောက်ကြီးတယ် ၊ မတရားတာတွေ့ရင်လည်းလုံးဝသည်းမခံနိူင်ဘူး ၊ နောက်ပြီး ညစ်ညမ်းတဲ့စကားတွေ ရိုင်းပျတဲ့စကားလုံးတွေကို လုံးဝမနှစ်မြို့ဘူး။

အဆိုးဆုံးအချက်ကတော့အရမ်းအသန့်ကြိုက်တယ် စေ့စပ်သေချာခြင်းကို နှစ်သက်တယ် ။

မနက်ဖြန်ဝတ်မဲ့အဝတ်ကို ဒီနေ့ကတည်းကထုတ်ထားတတ်တဲ့သူမျိူး။

ကျွန်တော့်ရဲ့ personality traits တွေ characters တွေက အတိုချူံးပြောရရင်အနောက်တိုင်းဆန်တယ်ပေါ့လေ။

ရုပ်ပ်ိုင်းဆိုင်ရာအရတော့ ကျွန်တော်ကအသားညိုတယ် ၊ ညိုညိုစိုစို ပိန်ပိန်ပါးပါး ၊ အမေကတော့ရုပ်မဆိုးဘူးပြောတာပဲ။
အရပ်ကတော့ ၅ပေ ၁၁ လက်မ ပဲရှိပါတယ်။

အရပ်ရှည်တဲ့သူတွေကို မိန်းကလေးတွေက ကြိုက်ကြတယ်လို့ပြောကြပေမဲ့ ကျွန်တော်ကတော့ ဂေါ်မစွံကြီးပါဗျာ။

ကျွန်တော်က simp မလုပ်တတ်တော့ ကောင်မလေးတစ်ယောက်ရဖို့ဆိုတာ အင်မတန်မှခက်လှပါတယ် ။

ဒါပေမဲ့ ဘဝမှာ တစ်ယောက်စနှစ်ယောက်စတော့ ထားခဲ့ဖူးတယ်။

ထားခဲ့ဖူးတဲ့ကောင်မလေးတွေနဲ့ မည်သို့မည်ပုံ အမှောင်လောက အတိမ်အနက် တွေရောက်ရှိခဲ့လဲဆိုတာ ဆက်လက်ဖော်ပြ ပေးသွားချင်ပါတယ်။

My Dark Experiences with Girlfriends and FWB.Stories to obsess over. Discover now